Monday, October 31, 2016

ခြံရှင်းနေစဉ် ပျားအုံအား ဓါးနှင့်ရမ်းမိရာမှ ပျားများ အကိုက်ခံရပြီး လူတစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာများ ရရှိ

ဘီးလင်း   အောက်တိုဘာ    ၃၁
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ယွန်းဒလင်းကုန်းကျေးရွာတွင် အောက်တိုဘာလ ၃၀ ရက်၊ ညနေပိုင်းက ခြံရှင်းရာမှ ပျားအုံအား ဓါးနှင့်ရမ်းမိပြီး ပျားများ အကိုက်ခံရသဖြင့် လူတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဘီးလင်းမြို့နယ်၊ ယွန်းဒလင်းကုန်းကျေးရွာတွင်နေသူ ဦးမောင်သိန်း  ၇၅ နှစ် (ဘ) ဦးသာထဲနှင့် မယားညီကို တော်စပ်သူ ဦးတင်စိုးတို့သည် တောင်စွန်းကျေးရွာ နဝဒေးရပ်ကွက် ဘုရားကိုးဆူစေတီအနီးရှိ ဥယျာဉ်ခြံတွင် ခြံရှင်းလင်းနေစဉ် ပျားကြီးမျိုး ပျားအုံအား ဓါးနှင့်ရမ်းမိသဖြင့် ပျားများ ဝိုင်းအကိုက်ခံရကာ ဦးမောင်သိန်းမှာ နေအိမ်တွင် သေဆုံးကြောင်း ဖုန်းဆက်အကြောင်းကြားသဖြင့် တောင်စွန်းနယ်မြေရဲစခန်းမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဦးခေါင်း မျက်လုံး နားရွက် နှုတ်ခမ်းတို့တွင် ညိုမဲဒဏ်ရာများ ရရှိသေဆုံးနေပြီး ဦးတင်စိုးမှာ လည်ပင်း နားရွက် နှုတ်ခမ်းတို့တွင် ညိုမဲ ဒဏ်ရာများ ရရှိထားသဖြင့် ဇုတ်သုတ်တိုက်နယ်ဆေးရုံသို့ တင်ပို့ထားရကြောင်း သထုံခရိုင်ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တောင်စွန်းနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၄/ ၂၀၁၆ ဖြင့် အမှုဖွင့်လှစ်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်ဦး(သထုံ)

No comments:

Post a Comment