Monday, October 31, 2016

စဉ့်ကိုင်မြို့နယ်တွင် လျှပ်စီးမီးလင်းနိုင်ရန်အတွက် ကြက်လျှာကျေးရွာနှင့် မင်းကိုင်းကျေးရွာ ကွင်းဆင်း ဆောင်ရွက်


စဉ့်ကိုင် အောက်တိုဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်တွင် မန္တလေး လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများနှင့် ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်အဖွဲ့များ၊ မြို့နယ်လျှပ်စစ် မန်နေဂျာ ဦးနေလင်းဖြိုးနှင့် အဖွဲ့နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များသည် အောက်တိုဘာ (၃၀)ရက်နေ့က ကြက်လျှာကျေးရွာနှင့် မင်းကိုင်းကျေးရွာတို့ကို လျှပ်စစ်မီးလင်းရေး ဆောင်ရွက်မည့် အခြေအနေများကို ကွင်းဆင်း လေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာနှစ်ရွာကို မီးလင်းနိုင်ရန်အတွက် မန္တလေးလျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများနှင့် အမျိုးသား လျှပ်စစ်မီးလင်းရေး စီမံချက်ဖြင့် ပထမအဆင့်တွင် ပါဝင်သည့် ကျေးရွာများသို့ ကွင်းဆင်း လေ့လာမူများ ဆောင်ရွက်လျက်ရှိရာ စဉ့်ကိုင်မြို့နယ် ကြက်လျှာကျေးရွာ၊ ရွာလယ်ဓမ္မာရုံတွင် ကျေးရွာသူ/ ကျေးရွာသားများနှင့် တွေ့ဆုံ၍ ကမ္ဘာ့ဘဏ်မှ ချေးငွေများ၏ ထောက်ပံ့မှု အစီအစဉ်ဖြင့် လျှပ်စစ်မီးလင်းနိုင်ရန်အတွက် ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့ပြီးနောက် ပလိပ်အုပ်စု၊ မင်းကိုင်းကျေးရွာတို့ကိုလည်း သွားရောက်ခဲ့ပြီး ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံ၍ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်မည့်အခြေအနေများကို ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment