Thursday, October 27, 2016

မောင်တောမြို့နယ် တိုင်းရင်းသား ကျေးရွာများသို့ စားနပ်ရိက္ခာများ သွားရောက် လှူဒါန်း

မောင်တော အောက်တိုဘာ ၂၇
အောက်တိုဘာ (၉)ရက်နေ့ အကြမ်းဖက်မှုကြောင့် မောင်တောမြို့နယ် ကျေးရွာများတွင် စားနပ်ရိက္ခာများ ပြတ်လပ်မှုများ ကြုံတွေ့နေရသော ကျေးရွာများသို့ စားနပ်ရိက္ခာများ အလှူရှင်များမှ သွားရောက် လှူဒါန်းကြောင်း သိရှိရသည်။

စစ်တွေမြို့မှ ၀ံလက် ဖောင်ဒေးရှင်းမှ ဆန်အိတ်( ၁၅၀)အိတ် ၊ အဟာရမုန့်များ ၊ ဆား ၊ ဆီ ၊ ကြက်သွန် ၊ ပဲ ၊ငါးခြောက်များကို မောင်တောမြောက်ပိုင်း အောင်သပြေ ကျေးရွာသို့ သွားရောက်ပြီး လမ်းတလျောက် တိုင်းရင်းသား ကျေးရွာများကိုလည်း ၀င်ရောက် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရှိရပြီး မြို့မကျောင်းတိုက် ဆရာတော်ဦးပုဏ်ည ဦးဆောင်ပြီး စစ်တွေမြို့မှ အားမာန် အဖွဲ့မှလည်း မောင်တောမြို့နယ် မြောက်ပိုင်းကျေးရွာများသို့  ဆန်အိတ်(၅၀)၊ ဆီ ၊ ဆား ၊ ငရုပ် ၊ ကြက်သွန်များနှင့် ငါးခြောက်များ တင်ဆောင်ပြီး တိုင်းရင်းသား ကျေးရွာများသို့အောက်တိုဘာလ (၂၇) ရက်နေ့တွင် သွားရောက် လှူဒါန်းကြောင်း သိရသည်။ မောင်တောမြောက်ပိုင်း ကျေးရွာများသို့ သွားရောက်လှူဒါန်းသော အဖွဲ့များကို ကျီးကန်းပြင် နယ်ခြားစောင့် ရဲဌာနချုပ်မှ လုံခြုံရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မောင်တောမြို့ အောင်မြေဗောဓိ အလိုတော်ပြည့်ဆရာတော် ဦးမဏိသာရ ဦးဆောင်သော အဖွဲ့မှလည်း မောင်တော တောင်ပိုင်း ပဲရုံကျေးရွာထိ သွားရောက်ပြီး ဆန်အိတ် (၅၀)အိတ်နှင့် အာဟာရမုန့်များသွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်

No comments:

Post a Comment