Thursday, October 27, 2016

ပြည်ကြီးတံခွန်မြို့နယ်တွင် မင်္ဂလာဆောင် ဒံပေါက်စားရာမှ လူ(၅၅) ဦး အစာအဆိပ်သင့်မှု ဖြစ်ပွား

ပြည်ကြီးတံခွန် အောက်တိုဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်၊ချမ်းမြသာယာရပ်ကွက် ရဲဘော်စိုက်ကွင်း(အရှေ့)၌ အောက်တိုဘာ ၂၇ ရက် က မင်္ဂလာဆောင် ဒံပေါက်စားရာမှ လူ(၅၅)ဦး အစာအဆိပ်သင့်မှုဖြစ် ပွားခဲ့ကြောင်းသိရသည်။


အဆိုပါရပ်ကွက်၌ မင်္ဂလာမောင်နှံအိမ်၌ ယနေ့နံနက် ၇ နာရီ မှ ၁၂ နာရီ ထိ မင်္ဂလာပွဲကျင်းပခဲ့ပြီး ဒံပေါက်၊ ငရုတ်သီးကြော်၊ ပါလချောင်ကြော်၊ သရက်သီးကုလားတည်နှင့် ကြာစံဟင်းခါး၊ ပူစီနံ၊ ငရုတ်သီးစိမ်း၊ လက်ဖက်သုပ်နှင့် ပုလင်းဖျော်ရည်တို့ဖြင့် ဧည့်ခံခဲ့ရာ စားသုံးမိသူများ အနေဖြင့်အောအန်ခြင်း၊ ၀မ်းလျှောခြင်းများ ဖြင့် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်ကြောင့် လူ(၅၅) ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး၊ ကျား (၁၂)ဦး၊မ(၃၀) ဦး အား အဆိုပါရပ်ကွက် မိုးကောင်းဓမ္မာရုံတွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်း ကုသလျက်ရှိပြီး ကျား(၅) ဦး ၊မ(၈) ဦး တို့အား ကုတင်(၃၀၀) အထူးကုဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူ လျက်ရှိကြောင်းသိရသည်။

သန်းဇော်မင်း (ပြန်/ဆက်)

No comments:

Post a Comment