Thursday, October 13, 2016

ပူးပေါင်းအဖွဲ့အခြေပြုသည့် နယ်မြေရုံးအား အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ ချဉ်းကပ်သဖြင့် လက်နက်ငယ် များဖြင့် ပစ်ခတ်ရှင်းလင်း


နေပြည်တော် အောက်တိုဘာ ၁၃
တပ်မတော်စစ်ကြောင်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအခြေပြုနေ သည့် မောင်တောမြို့နယ်၊ အလယ်သံကျော် နယ်မြေရုံး အား အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းက အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ အင်အား(၅၀)ခန့်ဖြင့် တစ်ကြိမ်၊ အင်အား (၂၀)ဦးခန့်ဖြင့် တစ်ကြိမ်၊ အင်အား(၁၅)ဦးခန့်ဖြင့် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် ချဉ်းကပ် လာသဖြင့် ပူးပေါင်းအဖွဲ့မှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ရှင်းလင်းခဲ့ရသည်။ 
    


     
ထို့ပြင် တပ်မတော်စစ်ကြောင်းများ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် အောက်တိုဘာ ၁၂ ရက် ည ၇ နာရီ မိနစ် ၂၀ ခန့်တွင် မောင်တောမြို့နယ်၊ ၀ါးပိတ် ကျေးရွာ၏ အနောက်ဘက် မီတာ ၂၀၀ ခန့်အကွာရှိ တောင်ကုန်း၌ ကျီးကန်းပြင်အုပ်စု ၀ါးပိတ်ကျေးရွာနေ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ဖော်ဆော် လာမောက်(ဘ) ဖွေဘာ မောက်အား ဖမ်းဆီးရမိခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းတွင် တပ်မတော်စစ်ကြောင်းသည် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ ယမန်နေ့က မီးရှို့ဖျက်ဆီးခဲ့သည့် ၀ါးပိတ် ကျေးရွာအတွင်း အသေး စိတ်ထပ်မံ ရှင်းလင်းရာ မီးလောင်ထားသည့် MA-11 အမျိုးအစား သေနတ်(၁)လက်၊ ကျည်အိမ် မျိုးစုံ (၁၁)ခု၊ ကျည်မျိုးစုံ (၁၅၁၀)တောင့်၊ ပြောက်ကျား ယူနီဖောင်း(၁)စုံ၊ RSO အလံ (၂၄)ခု၊ RSO တံဆိပ်ပါ လည်စီး(၄၀)ခုနှင့် ဓားရှည်(၁)ချောင်းတို့ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။
(မြ၀တီ)

No comments:

Post a Comment