Tuesday, October 18, 2016

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့မှ အကြမ်းဖက်တိုက်ခိုက် ခံရမှုကြောင့် စစ်တွေဆေးရုံတွင် ဆေးကုသမှု ခံယူနေသည် သူများအား ထောက်ပံ့ငွေများပေးအပ်

စစ်တွေ အောက်တိုဘာ ၁၈
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် ဇနီးနင့်တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီက ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ နယ်မြေခံရဲတပ်ဖွဲ့ခွဲသို့ရောက်ရှိပြီး တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် တွေ့ဆုံအားပေးစကား ပြောကြားပြီး ထောက်ပံပစ္စည်းများနှင့်ငွေကျပ် ၂၅ သိန်းကို ပေးအပ်သည်။

ထို့နောက် ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်တပ်ဖွဲ့၊ ဦးစီးဌာနများမှ ၀န်ထမ်းများအားတွှေဆုံပြီး ထောက်ပံပစ္စည်းနှင့် ထောက်ပံ့ငွေကျပ် ၃၃ သိန်း ၆ သောင်း ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးနှင့် တာဝန်ရှိသူများသည် ဘူးသီးတောင်မှ ရဟတ်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာလာရာ မွန်းလွဲ ၁ နာရီတွင် စစ်တွေမြို့သို့ရောက်ရှိပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းဝေးခန်းမတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးများနှင့်တွေ့ဆုံကာ နယ်မြေတည်ငြိမ်အေးချမ်းရေး ကိစ္စများဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးနှင့် တာဝန်ရှိသူများသည် အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာများ ရရှိပြီး စစ်တွေဆေးရုံတွင် ဆေးကုသမှု ခံယူနေသည် ဒုရဲမှုးအောင်ဇော်မြင့်၊ ကျဆုံးသွားသည့် ဒုတပ်ကြပ်ဇော်နိုင်ထွန်း၏ ဇနီးမချမ်းအေးစိုးနှင့် အရပ်သားဦးသိန်းထွန်းအေးတို့အား သွားရောက်ကြည့်အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေ များပေးအပ်ခဲ့သည်။ 

No comments:

Post a Comment