Tuesday, October 18, 2016

မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲစတင်ကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၈
(၂၂) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကိုယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရေဆင်းတက္ကသိုလ်များ နယ်မြေရှိ သတ်မှတ်နေရာအသီးသီး၌ ခြိမ့်ခြိမ့်သဲစတင်ကျင်းပသည်။

အဆိုပြိုင်ပွဲ
အဆိုပြိုင်ပွဲ၏ မဟာဂီတပြိုင်ပွဲကို စိုက်ပျိုးရေးတက္ကသိုလ် စာသင်ခန်းမဆောင် အမှတ်(၅)၌ ကျင်းပရာ ၀ါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့မှ ဟေ၀န်စုံ မြိုင်(ပတ်ပျိုး) ဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅နှစ်မှ ၂၀နှစ်) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ပြည်ပြည်မင်းပေါင်း(သီချင်းခံ) ဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာ အဆင့် အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ သောင်းလုံးမြေချာ(မွန်) ဖြင့်လည်းကောင်း ယှဉ်ပြိုင် ကြသည်။
ကာလပေါ်တေးပြိုင်ပွဲ
ကာလပေါ်တေးပြိုင်ပွဲကို စိုက်ပျိုးရေးတက္ကသိုလ် စာသင်ခန်းမဆောင် အမှတ်(၄)၌ ကျင်းပရာ ၀ါသနာရှင်အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ကိုမြကြီး၏မိုးသီချင်း ဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅နှစ်မှ ၂၀နှစ်) အမျိုးသမီး ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ အဆိုတော် တင်တင်မြ၏ တစ်ကျော့နှစ်ကျော့တေးကိုသီ သီချင်းဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့မှ တွံတေးသိန်းတန်၏ မေတ္တာမီးအိမ် သီချင်းဖြင့်လည်းကောင်း ယှဉ်ပြိုင်ကြသည်။
အကပြိုင်ပွဲ
အကပြိုင်ပွဲကို မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ရွှေရတုခန်းမ၌ ကျင်းပရာ ၀ါသနာ ရှင်အဆင့်(ပထမတန်း)အမျိုးသား ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် တနင်္သာရီ တိုင်းဒေသကြီးတို့မှ လည်းကောင်း၊ ၀ါသနာရှင်အဆင့်(ပထမတန်း) အမျိုးသမီး ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ လည်းကောင်း၊ အဆင့်မြင့် ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှလည်း ကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅နှစ်မှ ၂၀နှစ်) အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည် နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှလည်းကောင်း ကကြိုးကကွက် စုံလင်စွာဖြင့်ယှဉ်ပြိုင်ကြ သည်။
အရေးပြိုင်ပွဲ
အရေးပြိုင်ပွဲကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန သင်တန်းခန်းမ - ၁ ၌ကျင်းပရာ ၀ါသနာရှင်အဆင့်(ပထမတန်း) ပြိုင်ပွဲတွင် မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့မှလည်းကောင်း၊ ၀ါသနာရှင် အဆင့်(ဒုတိယတန်း) ပြိုင်ပွဲတွင် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှလည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် ပြိုင်ပွဲတွင် ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့မှလည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅နှစ်မှ ၂၀နှစ်) အမျိုးသား ပြိုင်ပွဲတွင် ကယားပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီ တိုင်းဒေသကြီး တို့မှ လည်းကောင်း ဂီတရသစုံလင်စွာ ဖော်ကျူးတေးဖွဲ့ယှဉ်ပြိုင်ကြသည်။
အတီးပြိုင်ပွဲ
အတီးပြိုင်ပွဲ၏ ဆိုင်းအဖွဲ့လိုက် ပြိုင်ပွဲကို သစ်တောသုတေသနဌာန စုဝေးခန်းမ၌ ကျင်းပရာ ၀ါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှလည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀နှစ်မှ ၁၅နှစ်) အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသ ကြီးနှင့်မကွေးတိုင်းဒေသကြီးတို့မှလည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀နှစ်မှ ၁၅နှစ်) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀နှစ်) အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅နှစ်မှ ၂၀နှစ်) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသ ကြီးမှ လည်းကောင်း ယှဉ်ပြိုင်ကြသည်။
စောင်းပြိုင်ပွဲ
စောင်းပြိုင်ပွဲကို စိုက်ပျိုးရေးတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပရာ ၀ါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့မှ ခါနွေဆန်း (ယိုးဒယား) ဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅နှစ်မှ ၂၀နှစ်) အမျိုးသားပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးမှ ရန်တကာအောင်(ဘွဲ့) ဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀နှစ်မှ ၁၅နှစ်) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ သီလာမြေယံ(ကြိုး) ဖြင့်လည်း ကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀နှစ်မှ ၁၅နှစ်) အမျိုးသား ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ မြမန်းဂီရိ(ယိုးဒယား)  ဖြင့်လည်းကောင်း ငြိမ့်ညောင်း သံသာ တီးခတ်ယှဉ်ပြိုင်ကြသည်။
အိုးစည်ပြိုင်ပွဲ
အိုးစည်ပြိုင်ပွဲကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးခန်းမ၌ကျင်းပရာ ၀ါသနာရှင် အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီး တို့မှလည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှလည်းကောင်း၊ ၀ါသနာရှင်အဆင့် (ဒုတိယတန်း) ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့မှလည်းကောင်း မြူးကြွသွက်လက်သည့် ဒိုးလက်သံ များဖြင့် ယှဉ်ပြိုင်ကြသည်။
စန္ဒရားပြိုင်ပွဲ
စန္ဒရားပြိုင်ပွဲကို သစ်တောတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ၀ါသနာရှင် အဆင့်(ဒုတိယတန်း) အမျိုးသားပြိုင်ပွဲ တွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့မှ ပိတောက်လမ်း(ကာလပေါ်) သီချင်းဖြင့်လည်းကောင်း၊ ၀ါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ချစ်သမျှကို(ပတ်ပျိုး) ဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅နှစ်မှ ၂၀နှစ်) အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ တောဟေ၀န် လယ်(ယိုးဒယား) ဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅နှစ်မှ ၂၀နှစ်) အမျိုးသမီးပြိုင်ပွဲတွင် ရှမ်းပြည်နယ်မှ ဖြေလျော့ခွေ (ပတ်ပျိုး) ဖြင့်လည်းကောင်း၊ အခြေခံ ပညာအဆင့် (အသက် ၁၀နှစ်မှ ၁၅နှစ်) အမျိုးသားပြိုင်ပွဲတွင် မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှ တောသူအချစ်(ကာလပေါ်) သီချင်းဖြင့်လည်းကောင်း လက်စွမ်းပြယှဉ်ပြိုင်ကြသည်။

ယနေ့ကျင်းပသည့် ပြိုင်ပွဲများသို့(၂၂)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ကော်မတီဝင်များ၊ အနုသုခုမကို စိတ်ဝင်စားကြသည့် ပြည်သူများလာရောက် ကြည့်ရှုအားပေးကြသည်။

No comments:

Post a Comment