Monday, October 31, 2016

တတိယအကြိမ် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်အောင် လက်မှတ်အပ်နှင်းခြင်း အခမ်းအနား လွိုင်ကော်မြို့၌ ပြုလုပ်

လွိုင်ကော် အောက်တိုဘာ ၃၁
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးဘက်ဆိုင်ရာ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာန၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (လွိုင်ကော်) မှ တတိယအကြိမ် သူနာပြု-သားဖွား ဒီပလိုမာ (၃) နှစ်အောင်လက်မှတ် အပ်နှင်းခြင်း အခမ်းအနားကို အောက်တိုဘာလ ၃၁ ရက်နေ့၊ နံနက်(၉)နာရီအချိန်က လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး တက်ရောက်ဂုဏ်ပြု အမှာစကား ပြောကြားသည်။






ဆက်လက်၍ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (လွိုင်ကော်)မှ ကျောင်းအုပ်ကြီး ဒေါ်နီနီဝင်းက အမှာစကားပြောကြားပြီး သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်များကို  ကျောင်းအုပ်ကြီးက အပ်နှင်းရာ အမှတ်စဉ် (၂၁) မှ သူနာပြုသင်တန်းသား၊ သင်တန်းသူ (၆၄) ဦးတို့က လက်ခံရယူကြသည်။
သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (လွိုင်ကော်) သည် စတင်ဖွင့်လှစ်ခဲ့သည့် ၁၉၉၃ ခုနှစ်၊ ဇူလိုင်လ(၁) ရက်နေ့က အစပြုသည့် အပတ်စဉ်(၁)မှ ယနေ့အပတ်စဉ်(၂၁)အထိ  သူနာပြုနှင့်သားဖွားဒီပလိုမာ(၃)နှစ် အောင်လက်မှတ် ရရှိသူပေါင်း(၉၈၁)ဦးနှင့် ဘက်စုံ သားဖွားအောင်လက်မှတ်နှင့် ဘက်စုံသားဖွားဒီပလိုမာ အောင်လက်မှတ် ရရှိသူပေါင်း (၄၃၅)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

လွိုင်ကော်ခရိုင်ပြန်/ဆက်

No comments:

Post a Comment