Monday, October 31, 2016

လွှတ်​​တော်​ကိုယ်​စားလှယ်​များနှင့်​​ ဒေသခံပြည်​သူများ​ တွေ့ဆုံပွဲကျင်းပ


ဒိုက်ဦး အောက်တိုဘာ ၃၀
ပဲခူးတိုင်ဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်​​ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အောက်တိုဘာလ ၂၉ရက်​​နေ့ မွန်းလွဲ၁နာရီအချိန်က လွှတ်​​တော်ကိုယ်စားလှယ်များနှင် ဒေသခံပြည်သူများ တွေ့ဆုံပွဲ အခမ်းအနား ကျင်းပရာ
ပြည်သူ့လွှတ်​​တော်ကိုယ်စားလှယ် ဦးဘုန်းမြင်အောင်၊ အမျိုးသားလွှတ်​​တော် ကိုယ်စားလှယ် ​​ဒေါ်ရွှေရွှေစိန်လတ်တိုင်ဒေသကြီး(၁) လွှတ်​​တော်ကိုယ်စားလှယ် ဦးသန်းထိုက်​​အောင် တိုင်း ဒေသကြီး(၂) လွှတ်​​တော်ကိုယ်စားလှယ်ဦးသူရဇော် မြို့နယ်ထွေထွေအုပ်ချုပ်​​ရေးမှူး လက်​​ထောက် ညွှန်ကြားရေးမှူး ဦးငြိမ်းထွန်ကျော်နှင့် ဌာနဆိုင်ရာအကြီးအကဲများ ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၂၀၀ဦးခန့် တက်​​ရောက်ခဲ့ကြသည်

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်​​ရေးမှူးမှ အဖွင့်အမှာစကား ပြောကြားပြီးနောက် လွှတ်​​တော်ကိုယ်စားလှယ်များမှ လွှတ်​​တော်တွေ့အကြုံများကို အသီးသီးပြောကြားပါသည်
ထို့နောက် တက်​​ရောက်လာကြသော ပြည်သူများမှ သိလိုသမျှကို မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ဌာနများမှ ပြန်လည်​​ဖြကြားခြင်းများ ပြုလုပ်ကာ အခမ်းအနားကို ညနေ၅နာရီတွင် ရုပ်သိမ်းခဲ့ပြီး မေးခွန်း ၁၈ခု နှင့် အကြံပြုချက် ၇ ချက် တင်ပြဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်ဆက်)

No comments:

Post a Comment