Monday, October 31, 2016

ကနီမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များမှ လွှတ်တော်အတွေ့အကြုံများအား ဌာနဆိုင်ရာများနှင့် ပြည်သူများ တွေ့ဆုံရှင်းလင်းပွဲကျင်းပ


ကနီ အောက်တိုဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် ကနီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှ လွှတ်တော်အတွေ့အကြုံများကို ဌာနဆိုင်ရာ၊ ပြည်သူများနှင့် တွေ့ဆုံရှင်းလင်းပွဲကို အောက်တိုဘာ ၃၀ ရက်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း၌ ကျင်းပကြောင်း သိရသည်။



အဆိုပါ အခမ်းအနားတွင် ကနီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်က လွှတ်တော် အတွေ့အကြုံများနှင့် ဆက်လက်၍ မြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တင်ပြဆောင်ရွက်သွားမည့် လွှတ်တော်တွင်း လုပ်ငန်းစဉ်များနှင့်  လွှတ်တော်အတွင်းတွင် လုပ်ငန်းဆောင်ရွက်မှု ကော်မတီဖွဲ့စည်း ဆောင်ရွက်ခြင်းများနှင့် ပတ်သက်၍ လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသော ပြည်သူများမှ မြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ နှင့်ပတ်ပက်၍ ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်မည့် အခြေအနေများ သိရှိလိုသည်များကို မေးမြန်းရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည် ဖြေကြားခဲ့ကြကြောင်း သိရသည်။ ယင်းအခမ်းအနားသို့ ကနီမြို့ရှိ ဌာနဆိုင်ရာများ  ရပ်ကွက်နှင့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူး များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment