Monday, October 31, 2016

မြစ်သားမြို့ စမုံမြစ်ရေလျှံရာမှ ကျေးရွာအုပ်စုများအတွင်း ရေ၀င်ရောက်၍ ဒေသခံများ ပြောင်းရွှေ့နေရ


မြစ်သား အောက်တိုဘာ ၃၁
မနလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် မိုးများအဆက်မပြတ် ရွာသွန်းလျက်ရှိသောကြောင့် စမုံမြစ်ရေလျှံ ရာမှ ကျေးရွာအုပ်စုများအတွင်း ရေ၀င်ရောက် ဒေသခံများ ပြောင်းရွှေ့နေရကြောင်း အောက်တိုဘာ ၃၁ နံနက် ၆ နာရီက အင်းရင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေထံမှ သိရသည်။






̏ကျွန်တော်တို့ အင်းရင်းရွာဆို ရေမရောက်တာ ဘုရားကုန်းနဲ့ လေးငါးအိမ်ပဲ ကျန်တော့တယ်၊ အင်းရင်း နဲ့ ဆင်ခြံကိုသွားတဲ့လမ်းက တံတားသုံးစင်းလုံး ရေမြုပ်နေပြီးတံတားပေါ်မှာ ရေကသုံးလေးပေလောက်တက်နေ တာ၊ ဆင်ခြံရွာဆိုလည်း ရေလွတ်တဲ့နေရာ ဘုန်းကြီးကျောင်း၊ အမျိုးတွေအိမ်ကို ပြောင်းရွှေ့နေရတယ်၊ ရေပြင် ကြီးဖြစ်နေတော့ ဘယ်လိုမှ သွားလို့မရဘူး ၊လှေနဲ့သွားရင် အဆင်ပြေပေမယ့် ကျွန်တော်တို့ရွာမှာ လှေမရှိဘူး၊ အဲ့ဒီတော့ ရေပုံးတွေနဲ့ ကူးသွားနေရတယ်၊ ကျောင်းတွေလည်း ပိတ်ထားပါတယ်˝ ဟု ဦးမြင့်ဆွေက ပြောသည်။
̏စမုံမြစ်ရိုးနဲ့ ကျွန်တော်တို့ရွာချောင်းက ယှဉ်နေပါတယ်၊ ရွာချောင်းကနိမ့်နေတော့ စမုံမြစ်ရေလျှံလာရင် ရွာထဲကို အလုံးအရင်းနဲ့ကို ၀င်လာတာ၊ ရေ၀င်တာများလေ ဖို့ထားတဲ့̏တာ˝တွေကပြိုလေ ရေ၀င်ကြမ်းလေဖြစ် နေပါတယ်˝ဟု ကဆက်လက်ပြောပါသည်။
စမုံမြစ်ရေလျှံရာမှ စမုံမြစ်ရိုးတစ်လျှောက်ကျေးရွာများ ဖြစ်သော လောင်းတော်ဦး၊ ပေါက်မြိုင်၊ နွားကူး လေး၊ တမာပင်၊ အေးစိမ့်၊ နွားဖြူငယ်၊ ကင်းစိန်ဈေး၊ အောင်သပြေတို့မှ အိမ်ထောင်စုပေါင်း ၅၀၀ ခန့်တွင်လည်း ရေများနှစ်ပေမှ လေးပေအထိ ၀င်ရောက်လျက်ရှိကြောင်းနှင့်  မြင်းခြံ-မနလေး လမ်းဟောင်းတွင်လည်း ညောင် ဂျစ်ကျေးရွာ တံတားထိပ်အနီး၊ ပေါက်မြိုင်ကျေးရွာအနီး နှစ်နေရာတွင်၂ပေစီခန့် လမ်းပေါ် ရေကျော်နေကြောင်း သိရသည်။

မြစ်သား (ပြန်/ဆက်)

No comments:

Post a Comment