Friday, October 28, 2016

မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေတိုက်စားမှုကြောင့် တောင်သာ-ဇဂျမ်းလမ်း ကျောက်ချောလမ်းပိုင်း ပျက်စီးနေ

တောင်သာ အောက်တိုဘာ ၂၇
မန္တလေးတိုင်းဒေသကြိး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်သာ-ဇဂျမ်းလမ်း ကျောက်ချောလမ်းပိုင်း နတ်စောင့်ကျေးရွာ မြောက်ဘက်၌ မိုးရေတိုက်စားကာ ကျေးလက်လမ်းပိုင်း အနည်းငယ် ပျက်စီးခဲ့သည်။

အဆိုပါ မိုးရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် လမ်းပိုင်းအား တောင်သာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကြည်မြင့်နှင့် ၀န်ထမ်းများက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment