နေပြည်တော် အောက်တိုဘာ ၃
ဖော်ထုတ်လုပ်ကိုင်
အသုံးပြုခြင်း မရှိသေးသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များကို နိုင်ငံတော်က
ပြန်လည် သိမ်းယူပြီး သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ရန်
ပျက်ကွက်ပါက အာမခံကြေးကို ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းခံရမည့် အပြင် လုပ်ပိုင်ခွင့်၊
အသုံးပြုခွင့်ကို ပြန်လည် ရုပ်သိမ်း ခံရမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး
ဒေါက်တာ ထွန်းဝင်းက ပြောကြား သည်။
ထို့ပြင်
ဒုတိယ၀န်ကြီးက ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများနည်း ဥပဒေ အရ
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ မပြဌာန်းမီ မြေလွတ်၊
မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိထားသူသည်
မူလခွင့်ပြုကာလ အတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် အညီ လုပ်ငန်း
ဆောင်ရွက်ရန် ပျက်ကွက်လျှင် သို့မဟုတ် စည်းကမ်းချက်ကို ချိုးဖောက်လျှင် တင်သွင်း
ထားသော အာမခံကြေးကို နိုင်ငံတော် ဘဏ္ဍာငွေ အဖြစ် သိမ်းဆည်းခြင်း ခံရမည့်အပြင်
လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ကို ပြန်လည် ရုပ်သိမ်းခြင်း ခံရမည်ဟု
ပြဋ္ဌာန်းထားပါကြောင်း။
ခွင့်ပြု
ဧရိယာအတွင်း ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် ဧရိယာများနှင့် ပတ်သက် ၍ ၂၀၁၂ ခုနှစ်၊
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများ နှင့်အညီ
အသစ်ပြင်ဆင် ဖွဲ့စည်းမည့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံ ခန့်ခွဲရေး လုပ်ငန်းအဖွဲ့ ကြီးကြပ် ကွပ်ကဲမှုဖြင့်
ကွင်းဆင်း စစ်ဆေး၍ ခွင့်ပြုဧရိယာ အတွင်းမှ ပယ်ဖျက်နိုင်ရန် ဗဟိုကော်မတီသို့
တင်ပြ ဆောင်ရွက် စေမည် ဖြစ်ပြီး ဗဟိုကော်မတီက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း
ခွင့်ပြုမိန့်အား တရားဝင် ပယ်ဖျက်နိုင်ရေး ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း
ပြောကြားသည်။
ယနေ့
ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး ၄၁ ရက်မြောက်နေ့တွင်
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၏ “၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပါ
ပြဌာန်းချက်များကို လိုက်နာ ဆောင်ရွက်ခြင်း မရှိသည့် အသင်းအဖွဲ့များနှင့်
ထိုအသင်းအဖွဲ့များ ရယူပိုင်ဆိုင် ထားသည့် မြေယာများ အပေါ် ဥပဒေနှင့် အညီ မည်ကဲ့သို့
ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်မည်ကို သိရှိလိုကြောင်း” မေးခွန်းနှင့်
စပ်လျဉ်း၍ ဒုတိယ၀န်ကြီးက ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
မကွေး
တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ
ဦးခင်ဝင်း၏ “မြစ်ဝှမ်းဒေသရှိ
ပုံစံ (၇) ရှိသော ကိုင်းကျွန်းမြေများကို စိုက်ပျိုးစရိတ် ချေးငွေ
ထုတ်ပေးနိုင်ခြင်းရှိ/ မရှိ” မေးခွန်း နှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဒေါက်တာ ထွန်းဝင်းက ရေနံမြေများတွင် တည်ရှိသော မြေများသည် လယ်ယာမြေ ဥပဒေတွင် အဓိပ္ပါယ်
ဖွင့်ဆိုထားသော လယ်ယာမြေ ဆိုသည့် စကားရပ်တွင် အကျုံးဝင်ခြင်း မရှိပါသဖြင့်
လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ထုတ်ပေးနိုင်ခြင်း မရှိပါကြောင်း။
ယင်းဧရိယာများကို
ရေနံမြေ ဧရိယာအဖြစ်မှ ပယ်ဖျက်၍ နိုင်ငံတော်သို့ လုပ်ထုံး လုပ်နည်းများနှင့်အညီ
ပြန်လည်အပ်နှံပြီးမှသာ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်၏ ကြီးကြပ်မှုဖြင့်
ဒေသခံ တောင်သူများ တရားဝင် လုပ်ကိုင်ခွင့် ရရှိနိုင်ရေးကို စီစဉ် ဆောင်ရွက် နိုင်မည်
ဖြစ်ပါကြောင်း၊ ပုံစံ (၇) မရရှိသေးသော မြေများနှင့် ပတ်သက်၍ စိုက်ပျိုးစရိတ် ချေးငွေ
ထုတ်ပေးနိုင်ခြင်း မရှိပါကြောင်း ဖြေကြားသည်။
ဧရာဝတီ
တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဒေါ်အိအိပြုံး၏ “စိုက်ပျိုးစရိတ် ချေးငွေအား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် တောင်သူလယ်သမား
တစ်ဦးချင်းစီ၏ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ထုတ်ချေးပေးရန် အစီအစဉ်ရှိ/ မရှိနှင့်
စိုက်ပျိုးရေးနှင့် ပတ်သက်သော အကျိုးပြု စိုက်ပျိုး နည်းပညာ သင်တန်းများအား
ကျေးရွာအုပ်စုအထိ သွားရောက် သင်တန်းပေးရန် အစီအစဉ်ရှိ/ မရှိ” မေးခွန်းနှင့်
စပ်လျဉ်း၍ ဒုတိယ၀န်ကြီးက စိုက်ပျိုးစရိတ် ချေးငွေများကို လာမည့် ၂၀၁၇-၂၀၁၈
ဘဏ္ဍာနှစ်တွင် တောင်သူလယ် သမားများ၏ အဖွဲ့အလိုက် တာဝန်ခံမှု စနစ်ဖြင့်သာ ဆက်လက်
ထုတ်ချေး သွားရန် အစီအစဉ် ရှိပါကြောင်း။
မျိုးစေ့ကဏ္ဍ
ဖွံ့ဖြိုး တိုးတက်ရေး အတွက် မျိုးသန့် မျိုးပွားစေ့ ထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊
နည်းပညာ ပြန့်ပွားရေး သင်တန်းများနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊
သုတေသနနှင့် နည်းပညာ ပြန့်ပွားရေး ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပြဌာန်း ထားသည့်
ဥပဒေများနှင့်အညီ် စိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများနှင့်
ပြည်ပ စီမံကိန်းဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို
စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါကြောင်း။
ဝန်ကြီးဌာန
အနေဖြင့် ရာသီဥတုနှင့် လိုက်လျော ညီထွေသော စိုက်ပျိုးရေးဆိုင်ရာ သင်တန်းများ၊
ဆွေးနွေးပွဲများ၊ စိုက်ပျိုး နည်းစနစ်ဆိုင်ရာ အသိပညာများ၊ မြေဆီလွှာ ဆိုင်ရာ
အသိပညာများ၊ မျိုးပြောင်းလဲမှု ဆိုင်ရာ အသိပညာများ၊ ပိုးမွှားနှင့် ရောဂါဆိုင်ရာ
အသိပညာများ၊ မြေသြဇာနှင့် ပိုးသတ်ဆေး သုံးစွဲမှုဆိုင်ရာ အသိပညာများ ပါဝင်သည့်
စိုက်ပျိုးရေး ဆိုင်ရာ တောင်သူ ပညာပေး သင်တန်းနှင့် ဆွေးနွေးပွဲများကို ရုံးချုပ်၊
တိုင်းဒေ သကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ၀န်ထမ်းများမှ ကျေးရွာများ အရောက်
သွားရောက် သင်တန်းပို့ချခြင်းများကို ဆောင်ရွက်လျှက် ရှိပါကြောင်း ဖြေကြားသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးသန့်စင်မောင် က “ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးအဖွဲ့ ဥပဒေကို
ရုပ်သိမ်းသည့် ဥပဒေကြမ်း” ကို လက်ခံ ဆွေးနွေးရန် အဆို တင်သွင်းရာ ဥက္ကဋ္ဌက လွှတ်တော်၏
အဆုံးအဖြတ် ရယူ၍ အတည်ပြုခဲ့ပြီး ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက
အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
No comments:
Post a Comment