Thursday, October 27, 2016

ဒုတိယအကြိမ်ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့်လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု


လှိုင်းဘွဲ့ အောက်တိုဘာ ၂၆
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေထိုင်လျှက်ရှိသော ကျေးလက်နေပြည်သူများ အား အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ဒုတိယအကြိမ်မြောက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများကို အောက်တိုဘာ (၂၆) ရက် နေ့လည် (၃) နာရီတွင် ကျေးရွာများအရောက် ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


ကွင်းဆင်း စစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ကိုမောင်ကျေးရွာအုပ်စု ကော့စိန်အလယ်ရွာနှင့် ကျွန်းမီးကျေးရွာ ကျေးရွာချင်းဆက် ရွာသာအေးတံတား (၁၈၀ပေ x ၆ပေ) ကြမ်းခင်းအသစ် လဲလှယ်ခြင်း၊ အင်းနို့သိပ္ပံ အ.လ.က(ခွဲ) မျက်နှာကြက်တပ်ဆင်ခြင်း၊ ရွှေဂွန်ကျေးရွာအုပ်စု ကမ်းနီ-တကူးဆိပ်လမ်း၊ သာယာကုန်းကျေးရွာ ရွံ့ဗွက်လမ်း၊ ပတ်ကျောကျေးရွာအုပ်စု ပတ်ပျိုးလမ်းတို့ကို ကျောက်ရောမြေခင်းခြင်း လုပ်ငန်းများကို ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment