Thursday, October 27, 2016

ပုလဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်/ ဓာတ်ပုံပြပွဲနှင့် ပုံပြောပြိင်ပွဲကျင်းပ

ပုလဲ အောက်တိုဘာ ၂၇
စစ်ကိုင်တိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊  ပုလဲမြို့နယ်၊ ညောင်ကုန်း ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ၌ အောက်တိုဘာ၂၆ ရက်၊ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက  ကြီးမှူး၍ ကျောင်းသား/ကျောင်းသူများ အသိဥာဏ်ပညာဗဟုသုတ တိုးပွားရရှိစေရေးနှင့် ပညာရဲရင့် ပွဲလယ်တင့်စေမည့် လူငယ် မောင်မယ်များ ပေါ်ထွက်လာစေရေးကို ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်၊ ဓာတ်ပုံပြပွဲနှင့် အခြေခံပညာ မူလတန်း၊ အလယ်တန်းအဆင့် ပုံပြောပြိုင်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။




ရှေးဦးစွာ ပုလဲမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်းနှင့် ဒုတိယ မြို့နယ် ပညာရေးမှူး ဦးဇော်ဇော်မြင့်တို့က အမှာစကားပြောကြားသည်။ ဆက်လက်၍ ပုလဲမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်သိန်းစိုးက စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ နံရံကပ်/ဓာတ်ပုံပြပွဲနှင့် ပုံပြော ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထိုနောက် အခြေခံပညာမူလတန်း/ အလယ်တန်းအဆင့် ပုံပြောပြိုင်ပွဲ အခမ်းအနားကိုပြုလုပ်ရာ ကျောင်းသား/ ကျောင်းသူ များက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယ မြို့နယ် ပညာရေးမှူး၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းစာကြည့်တိုက် အတွက်  သုတရသစာအုပ်မျိုးစုံ ၁၀၀ အုပ်ကို မြို့နယ်ပြန်/ဆက် ဦးစီးမှူးက ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဦးချစ်စန်းက လက်ခံရယူခဲ့သည်။
အဆိုပါ အခမ်းအနားအပြီးတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်းနှင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီး ဦးချစ်စန်းနှင့် ဆရာ/ဆရာမများ၊ကျောင်းသား/ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်ပြဘုတ်နှင့် ဓာတ်ပုံပြဘုတ်များကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်

No comments:

Post a Comment