Thursday, October 27, 2016

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ


လှိုင်းဘွဲ့ အောက်တိုဘာ ၂၆
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်တွင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နေ့လည် (၁) နာရီတွင် ပြည်သူ့ဝန်ဆောင်မှုရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။



အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦးနှင့် ဒေါ်နန်းမိုးမိုးထွေး၊ မြို့နယ်အုပ်ချုပ်ရေးဦးနိုင်ဝင်းဇော်တို့က ကျေးလက်ဒေသတွင် ပြည်သူများအတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်း(၃၄)ခု၏ အကြောင်းအရာများကို အသီးသီး ရှင်းလင်း ပြောကြားခဲ့ကြသည်။
ဆက်လက်ပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌများက ရန်ပုံငွေများကို လွှတ်တော်ကိုယ်စားလှယ်များနှင့် အုပ်ချုပ်ရေးမှူးတို့က ပေးအပ်ရာ အသီးသီးလက်ခံခဲ့ကြပြီး သာယာကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment