Tuesday, October 4, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဗြိတိန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ


နေပြည်တော် အောက်တိုဘာ ၎

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်သည် ဗြိတိန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ Mr. John Bercow ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ည ၆ နာရီတွင် ဇမ္ဗူသီရိ မြို့နယ်ရှိ ၎င်း၏ နေအိမ်၌ ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။


ညစာစားပွဲသို့ တက်ရောက်လာကြသူများအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်စကား ပြောကြားပြီး ညစာအတူတကွ သုံးဆောင်ကြသည်။

ညစာစားပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာစမ်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Mr. Andrew Patrick နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

No comments:

Post a Comment