Friday, October 28, 2016

အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲ မြန်အောင်တွင်ပြုလုပ်


 မြန်အောင် အောက်တိုဘာ ၂၈
မြန်အောင်မြို့နယ် မီးသတ်ဦးစီးဌာနက ကျင်းပပြုလုပ်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း ဆင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၂၈ ရက်နေ့က မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေက သင်တန်းဆင်း အမှာစကား ပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုသူက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။




အခမ်းအနားတွင် ထူးချွန်ဆုရ သင်တန်းသားများကို မြို့နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး မြို့နယ်မီးသတ်ဦးစီးမှူးက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်သင်တန်းသားများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

မြန်အောင်မြို့နယ် မီးသတ်ဦးစီးဌာနတွင် ဖွင့်လှစ်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းကို အောက်တိုဘာ ၃ ရက်နေ့မှစ၍ မီးငြှိမ်းသတ်နည်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အောက်တိုဘာ ၂၈ ရက်နေ့အထိ ရပ်ကွက်/ကျေးရွာအုပ်စုနှင့် ဌာနဆိုင်ရာများမှ သင်တန်းသား (၁၀၀)ဦးကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးပြီး အရန်မီးသတ် ဝတ်စုံများနှင့် စားစရိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီး မှူး ဦးကိုကိုသူထံမှ သိရှိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)





No comments:

Post a Comment