Thursday, October 27, 2016

မြို့အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ


ခေါဇာ အောက်တိုဘာ ၂၆
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ အုပ်ချုပ်ရေးမှူး ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို အောက်တိုဘာ ၂၅ရက် ညနေ့ ၃ နာရီခွဲက ပြိုင်ပွဲအသီးသီးကို အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက် လာသော ရင်းရယ်အုပ်စုအသင်းနှင့် ကဗျာအုပ်စုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကဗျာအုပ်စုအသင်း ကရင်းရယ်အုပ်စုအသင်းကို၂ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။


ဘောလုံးပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနောင်နောင်လင်းက ပထမဆုရရှိသောကဗျာအုပ်စုအသင်းကို တစ်ဦးချင်း ရွှေဆွဲပြားများ၊ ငွေသားဆု ၅သိန်းနှင့် တံခွန်စိုက်ဒိုင်းဆုတို့ကိုလည်းကောင်း၊ မြေစာရင်းဦးစီးမှူး ဦးမြင့်နိုင်က ဒုတိယရရှိသော ရင်းရယ်အုပ်စု အသင်းကိုတစ်ဦးချင်း ငွေဆွဲပြားနှင့် ငွေသားဆု ၂သိန်း တို့ကိုလည်းကောင်း၊ အကောင်းဆုံး ဂိုးသမားဆု၊ နောက်တန်း အကောင်းဆုံးဆု၊ အလယ်တန်း အကောင်းဆုံးဆု၊ ရှေ့တန်း အကောင်းဆုံးဆုနှင့် ပွဲစဉ် တလျှောက် အကောင်းဆုံး ကစားသမားဆုတို့ကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။


ခေါဇာ (ပြန်/ဆက်)

No comments:

Post a Comment