Thursday, October 27, 2016

စေတုတ္တရာမြို့နယ်တွင် စည်ပင်သာယာရေးလုပ်ငန်းများ ပွင့်လင်းမြင်သာစွာရှင်းလင်း

စေတုတ္တရာ အောက်တိုဘာ ၂၇
စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရပ်ကွက်နေပြည်သူ များ ပွင့်လင်းမြင်သာမှုရှိစေရန် လုပ်ငန်းများချပြရှင်းလင်းခြင်းကို အမှတ် (၂) လယ်ပြင်စုရပ်ကွက်၌ အောက်တိုဘာလ (၂၅) ရက်နေ့ည (၈) နာရီက ပြုလုပ်ခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်တွင် ဆောင်ရွက်ပေးမည့် အမှတ် (၂) လယ်ပြင်စု ရပ်ကွက်အတွင်းရှိ လမ်းမကြီးအား ခွင့်ပြုရန်ပုံငွေကျပ် (၁၅၂.၅) သိန်းဖြင့် အရှည်(၁၈၀၀)ပေ၊ အနံ(၁၀)ပေရှိ ကျောက်ချောလမ်းခင်းခြင်းနှင့် ပတ်သက်သည် လုပ်ငန်းပမာဏအတိုင်းအတာ၊ သုံးစွဲကုန်ကျငွေ၊ အသုံပြုပစ္စည်းစာရင်း၊ လုပ်ငန်းဆောင်ရွက်သည့် အင်ဂျင်နီယာ စသည့်အချက်အလက်များကို ရပ်ကွက်အတွင်းရှိ ပြည်သူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းချပြ ဆောင်ရွက်ခဲ့သည်။
အဆိုပါလမ်းပြီးစီးပါက ရပ်ကွက်အတွင်းရှိ ပြည်သူများသာမက မုန်းချောင်းရေလှောင်တမံနှင့် ခြင်ပြစ်ကိုင်းကျေးရွာရှိ ပြည်သူ လူထုများအတွက် လမ်းပန်းဆက်သွယ်ရေး သွားလာရအဆင်ပြေမည် ဖြစ်ကြောင်း သိရှိရသည်။

ဖိုးပြည့်

No comments:

Post a Comment