Thursday, October 27, 2016

အကျဉ်းထောင်သစ် တည်ဆောက်ရာတွင် ပါဝင်ခဲ့သည့်မြေနှင့် ရာဘာပင် တန်ဖိုးအတွက် နစ်နာကြေးပေး


ကျိုက်မရော အောက်တိုဘာ ၂၆
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် ရေတွင်းကုန်းကျေးရွာတွင် အကျဉ်းထောင်သစ် တည်ဆောက်ရာတွင် ပါဝင်ခဲ့သော ရာဘာစိုက်ပျိုးထားသည့် မြေ(၁၉.၇၀)ဧက အတွက် နစ်နာကြေး ပေးအပ်ခြင်းကို အောက်တိုဘာ ၂၆ ရက်နေ့နံနက် ၁၀း၀၀ နာရီအချိန်တွင် ရေတွင်းကုန်း ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


ကျိုက်မရောအကျဉ်းထောင်သစ် တည်ဆောက်သည့်မြေ(၂၅၆.၆၆)ဧကအနက်မှ ဦးနန်းခွဲအမှတ် (၄၈၅) အောက်လမ်းမကြီး ပန်းပဲတန်းရပ် မော်လမြိုင်မြို့နေသူ ပိုင်ဆိုင်သည့် ရာဘာစိုက်ပျိုးထားသည့် မြေ (၁၉.၇၀) ဧက အတွက် ငွေကျပ် (၂၃၉၄၀၀၀၀ိ/-) (ကျပ်နှစ်ဆယ့်သုံးသန်း၊ ကိုးသိန်း၊ လေးသောင်းတိတိ/-)ကို နစ်နာကြေး အနေဖြင့် ကျိုက်မရော အကျဉ်းထောင် အကျဉ်းဦးစီးဌာန မော်လမြိုင်မြို့ တာဝန်ခံ အရာရှိဦးသိန်းစိုး လက်ထောက်ညွှန်ကြားရေးမှူးမှ ချက်လက်မှတ် အမှတ်-စ၂၄၄၇၂၈ဖြင့် ဦးနန်းခွဲ လက်ဝယ်သို့ ပေးအပ်ခဲ့သည်။ နစ်နာကြေး ပေးအပ်မှုတွင် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်မြင့်ခိုင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်( ပြန်/ဆက်)

No comments:

Post a Comment