Saturday, October 15, 2016

မောင်တောဒေသရှိ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် ဒေသခံ ပြည်သူများအား တည်ငြိမ် အေးချမ်းသည့် နေရာများသို့ တပ်မတော် မော်တော်ယာဉ်များဖြင့် ပို့ဆောင် စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော် အောက်တိုဘာ ၁၅
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုများကြောင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား တည်ငြိမ် အေးချမ်းသည့်နေရာများသို့ တပ်မတော်ရဟတ်ယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရွက်ညိုတောင် ကျေးရွာမှ ပညာရေးဝန်ထမ်းများနှင့် မိသားစုဝင်များ စုစုပေါင်း ၄၂ ဦးကို မောင်တောမြို့သို့ တပ်မတော် မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည်။

ထို့ပြင် မောင်တောဒေသအတွင်းရှိ ဒေသခံပြည်သူများအတွက် တပ်မတော် (ကြည်း၊ရေ၊လေ)မိသားစုများက လှူဒါန်းသည့် မာမီးခေါက်ဆွဲ၊ အချိုရည်၊ ဘီစကစ်နှင့် စည်သွပ်ဘူး များအား တပ်မတော်မှ တာဝန်ရှိသူများက မောင်တောဒေသ၊ တောင်ပြိုဝဲ၊ သရက်ကျေးရွာနှင့် ရွက်ညိုတောင်ကျေးရွာရှိ ဒေသခံပြည်သူများအတွက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။
(မြ၀တီ)

No comments:

Post a Comment