Saturday, October 15, 2016

အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ၏ ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူတစ်ဦး ဒဏ်ရာရရှိ

နေပြည်တော် အောက်တိုဘာ ၁၅
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ကန်သာယာ(အထက်) ကျေးရွာနေ ဦးသန်းထွန်း သည် တစ်ရွာတည်းနေ ဦးခိုင်သွေးနှင့်အတူ ၀ါးခုတ်ရန်ရွာတောင်ဘက်ချောင်းရိုးအတိုင်း ထွက်ခွာစဉ် နံနက် ၁၀ နာရီခန့်၌ လျှိုအတွင်းရှိ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများက လက်နက်ငယ်ဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့မှုကြောင့် ဦးသန်းထွန်းတွင် ၀ဲဘက်ဆီးခုံ ဘယ်ဝမ်းဗိုက် ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့သည်။


သေနတ်ထိမှန် ဒဏ်ရာရရှိသည့် ဦးသန်းထွန်းအား မောင်တောတိုက်နယ် ပြည်သူ့ဆေးရုံသို့ နေ့လယ် ၂ နာရီတွင် ပို့ဆောင်ဆေးကုသမှု ဆောင်ရွက်ပေးပြီး ဖြစ်စဉ် ဖြစ်ပွားသည့် နေရာအား တပ်မတော်စစ်ကြောင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ (မြ၀တီ)

No comments:

Post a Comment