နေပြည်တော်
အောက်တိုဘာ ၁၅
ရခိုင်ပြည်နယ် မောင်တောမြို့နယ် လိပ်အိုင်ကျေးရွာတွင်
အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ(၃)ဦးအား ပစ်ခတ်ဖမ်းဆီးရမိကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းနှင့် မြန်မာ နိုင်ငံ
ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ် ခန့်၌ လိပ်အိုင်ကျေးရွာသို့
ရောက်ရှိရှင်းလင်းစဉ် ကျေးရွာအတွင်းမှ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ အမျိုးသား ၁ ဦးနှင့်
အမျိုးသမီး ၂ ဦးတို့က လုံခြုံရေး ဆောင်ရွက်နေသည့် ရဲတပ်ကြပ် သောင်းညိုအား အရိုး/အသွား
၎ ပေခွဲခန့်ရှိ ဓားအရှည်ဖြင့်လည်းကောင်း၊ ရဲတပ်သား ထက်ဇော်ဦးနှင့် ရဲတပ်သား ခင်စိုး
တို့အား အရိုး/အသွား ၂ ပေခွဲခန့််ရှိ ဓားချွန်ဖြင့်လည်းကောင်း ထိုး၍ ထွက်ပြေးစဉ် လုံခြုံရေးအဖွဲ့များက
ပစ်ခတ်ဖမ်းဆီး ခဲ့သဖြင့် ၎င်းတို့ ၃ ဦးအား အသေဖမ်းဆီးရမိခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၃ ဦးမှာ
ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။
ထို့ပြင် မောင်တောမြို့နယ်၊ ရီဒါးကျေးရွာတစ်ဝိုက်
တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းဆောင်ရွက်စဉ် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်၌ အကြမ်းဖက်စီးနင်း
တိုက်ခိုက်သူ ကော်လီမူလာ(ဘ) အာဘူဟာရှိန်း၊ ကော်မာလူဟူဒါး(ဘ) လော်လီမူလာ၊ နုဒူဟူဒါး(ဘ)
ကော်လီမူလာနှင့် ဟာဘူတာရှိန်း(ဘ) ကော်လီမူလာတို့ ၄ ဦးအား ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသည့် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ
၎ ဦးအား ကြိမ်ချောင်း ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ပြီး သတင်းဆက်ရရှိရေး စစ်ဆေးမေးမြန်းမှုများ
ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(မြ၀တီ)
No comments:
Post a Comment