Thursday, October 27, 2016

နျူကလီးယားဥပဒေ (မူကြမ်း)ကို ပြင်ဆင်ရေးဆွဲလျက်ရှိ ဥပဒေမူကြမ်းအပေါ် ဥပဒေရှုထောင့်မှ လေ့လာစိစစ်အကြံပြု သွားမည်ဖြစ်

နေပြည်တော် အောက်တိုဘာ ၂၆
ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်သည် ရုရှားနိုင်ငံ အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းမှ Legal Counselor ဖြစ်သူ Mr. Andrey Shkarbanov ဦးဆောင်သောအဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးရှိ သံတမန်ခန်းမ၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံဆွေးနွေးစဉ် မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ် ကို ၂၅-၁၁-၁၉၉၆ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၁-၉-၂၀၁၆ ရက်နေ့တွင် အတည်ပြုပါဝင်ခဲ့ပါကြောင်း၊ မြန်မာ နိုင်ငံတွင် အဏုမြူစွမ်းအင်ဥပဒေကို ၁၉၉၈ ခုနှစ်ကပြဋ္ဌာန်းခဲ့ပါကြောင်း၊ ယခုအခါ မြန်မာ့နျူကလီးယားဥပဒေ (မူကြမ်း) ကို သက်ဆိုင်ရာဌာနက ပြင်ဆင်ရေးဆွဲလျက်ရှိပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် အဆိုပါ ဥပဒေမူကြမ်းအပေါ် ဥပဒေရှုထောင့်မှ လေ့လာစိစစ်အကြံပြုသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပြီးနောက် နျူကလီးယားကိုငြိမ်းချမ်းစွာ အသုံးပြုခြင်းနှင့် စပ်လျဉ်းသည့် ဥပဒေမူဘောင်များ တိုးတက်ကောင်းမွန်လာစေရေးနှင့် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း များပါ တာဝန်ရှိမှုများကို လိုက်နာဆောင်ရွက်နိုင်စေရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment