Thursday, October 27, 2016

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း သက်ကြီးပူဇော်ပွဲ ကျင်းပမည်

ရန်ကုန် အောက်တိုဘာ ၂၆

မြန်မာနိုင်ငံသတင်းစာဆရာအသင်း (MJA) ကကြီးမှူး၍ တတိယအကြိမ် အသက် ၇၅ နှစ်ပြည့် သတင်းစာပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲကို ဒီဇင်ဘာ ၁၀ ရက် (စနေနေ့) နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ကျင်းပမည်ဖြစ်သည်။
သက်ကြီးပူဇော်ပွဲ ပါဝင်လှူဒါန်းလိုသူများသည် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA) အမှတ် (၁၇၃/၁၇၅) ၆ လွှာ၊ ပန်းဆိုးတန်းလမ်း ကျောက်တံတားမြို့နယ် ရန်ကုန်မြို့ ဖုန်း-၀၁-၂၄၉၅၁၉၊ ၀၉- ၄၂၁၁၀၉၅၄၇ သို့ ဆက်သွယ်ပေးပို့ လှူဒါန်းနိုင်ကြောင်း သိရှိရသည်။ (သတင်းစဉ်)

No comments:

Post a Comment