Friday, October 28, 2016

သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး၊ စည်ပင်သာယာရေးအဖွဲ့မှ ကာကွယ်ဆေး ဖျန်းပက်


ပေါက် အောက်တိုဘာ ၂၈
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မိုးရာသီတွင် အဖြစ်များသော ပိုးလောက်လန်းလေးများ ပေါက်ပွားမှုမှတဆင့် ငှက်ဖျားရောဂါ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားမှုများ လျော့ကျစေရန် ရည်ရွယ်၍ ရောဂါ ကြိုတင် ကာကွယ်ရေး အစီအစဉ်တစ်ရပ်အနေဖြင့်
အောက်တိုဘာ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့များတွင် ပေါက်မြို့ပေါ်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေး၊ မြို့နယ်ပြည်သူ့ဆေးရုံဝန်း၊ အခြေခံပညာ အထက်တန်းကျောင်း၊ မူလတန်းကျောင်း(၄)ကျောင်း၊ နေ့ကလေးထိန်းကျောင်းနှင့် ရပ်ကွက်ဓမ္မာရုံ တို့တွင် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွှန့်မှ အနီးကပ် ကြီးကြပ်ကာ သက်ဆိုင်ရာ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။




ကာကွယ်ဆေးပက်ဖျန်းခြင်းမှာ ထိရောက်သည့် ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းဖြစ်သည်နှင့်အညီ သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် ပူးပေါင်းကာ ရပ်ကွက် ကျေးရွာများအတွင်း  ဆက်လက် ပက်ဖျန်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)

No comments:

Post a Comment