Friday, October 28, 2016

နယ်လှည့်ပညာပေး ဟောပြောခြင်းနှင့် တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်


မင်းဘူး အောက်တိုဘာ ၂၈
ကျေးလက်နေ ပြည်သူ့များ အသိပညာ မြှင့်မားရေး၊ စားသုံးသူတို့၏ ဘေးဥပါဒ် အန္တရာယ် ကင်းရှင်းရေးအကြောင်း သိကောင်းစရာနှင့် တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများကို မင်းဘူး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ ပူးပေါင်းကာ အောက်တိုဘာလ (၂၇) ရက်နေ့ နေ့လည် (၁) နာရီက မင်းဘူး(စကု) မြို့နယ် ရွှေလောင်းကျေးရွာ ဓမ္မရုံး၌ ပြုလုပ်ခဲ့သည်။







ရှေ့ဦးစွာ မင်းဘူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ခင်ဝါ၀ါလှိုင်က စာဖတ်ခြင်း အလေ့အထကောင်းများ ဖြစ်ပေါ်စေရန် စာဖတ်ခြင်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများကို ဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးခင်မောင်ညွှန့်မှ စားသုံးသူတို့သည် မိမိတို့၏ အခွင့်အရေးများကို သိရှိနားလည်၍ တောင်းဆိုရယူနိုင်ရန်နှင့် ကုန်စည် (သို့) ၀န်ဆောင်မှုကို သုံးစွဲရာတွင် လိမ်လည်လှည့်ဖြားမှုတို့ မခံရစေရန် စားသုံးသူ၏ အခွင့်အရေးများ၊ တာဝန်များ၊ ဆိုးဆေး အန္တရာယ်များ အကြောင်းကို ဟောပြော ဆွေးနွေးသည်။
ထို့နောက် တိုင်းရင်းဆေးကုဌာန ဒေါ်ခိုင်မေရီသက်ထွန်းနှင့် ၀န်ထမ်းများက ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ပြည်သူများအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စစ်ဆေးခြင်း၊ ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ ကျေးရွာမှ ပြည်သူ (၆၀) ခန့်တက်ရောက်ခဲ့ပြီး "ပြည်သူလူထုအတွက် စားသုံးသူ အကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာ" လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခြင်းနှင့် နိုင်ငံတော်အစိုးရ၏ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ နံရံကပ် စာစောင်" များကို ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မင်းဘူးခရိုင် (ပြန်/ဆက်)

No comments:

Post a Comment