Tuesday, October 11, 2016

ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၄၂)၊ (၄၃)နှင့် (၄၄) အား စီရင်ချက် (အမိန့်) များချမှတ်

နေပြည်တော် အောက်တိုဘာ ၁ဝ
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုးစိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) က စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) ရရှိသောမဲများတွင် တရားမဲ့ ပြုကျင့်မှုကြောင့် ရရှိသောမဲများ မပါဝင်ပါက လျှောက်ထားသူသာ ခိုင်လုံမဲအများဆုံး ရရှိနိုင်မည်ဖြစ်၍
လျှောက်ထား ခံရသူအား ရွေးကောက်တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ကြောင်းနှင့် လျှောက်ထားသူအား ရွေးကောက်တင်မြှောက်ခံ ရသူဖြစ်ကြောင်း ကြေညာပေးပါရန် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၇၊ ၆၈ အရ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကန့်ကွက်လွှာတင်သွင်းထားမှုကို ရွေးကောက်ပွဲကန့်ကွက်လွှာအမှု အမှတ်(၄၂/၂ဝ၁၅)ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လက်ခံခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးလှတင့်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ခုံအဖွဲ့ဝင်များအဖြစ် ဦးခင်မောင်ဝင်း နှင့် ဦးကျော်သူတို့ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၄)က ကြားနာစစ်ဆေးပြီးနောက် ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးမောင်မောင် (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ) အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင် အတည်ဖြစ်ကြောင်းဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးစိုးစိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၏ ကန့်ကွက်လွှာကို တရားစရိတ်နှင့်တကွ ပယ်ကြောင်းနှင့် တရားစရိတ် ကျပ်တစ်သိန်းသတ်မှတ်သည့်စီရင်ချက် (အမိန့်) ချမှတ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိန်ကြိုင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) က စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်မော် (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) ရရှိသော မဲများတွင် တရားမဲ့ပြုကျင့်မှုကြောင့် ရရှိသောမဲများ မပါဝင်ပါက လျှောက်ထားသူသာ ခိုင်လုံမဲအများဆုံးရရှိနိုင် မည်ဖြစ်၍ လျှောက်ထားခံရသူအား ရွေးကောက်တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ကြောင်းနှင့် ဆန္ဒမဲအများ ဆုံးရသူ လျှောက်ထား သူအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာပေးရန် တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၇၊ ၆၈ အရ ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကန့်ကွက်လွှာတင်သွင်းထားမှုကို ရွေးကောက်ပွဲကန့်ကွက် လွှာအမှုအမှတ် (၄၃/၂ဝ၁၅)ဖြင့် ပြည်ထောင် စုရွေးကောက် ပွဲကော်မရှင်မှ လက်ခံခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ ခုံအဖွဲ့ဝင်များအဖြစ် ဦးခင်မောင်ဝင်း နှင့် ဦးကျော်သူတို့ပါဝင်သည့် ရွေးကောက် ပွဲခုံအဖွဲ့ (၄)က ကြားနာစစ်ဆေးပြီးနောက် ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဦးမြင့်မော် (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည် ဖြစ်ကြောင်းဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးစိန်ကြိုင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ၏ ကန့်ကွက်လွှာကို တရားစရိတ်နှင့်တကွ ပယ်ကြောင်းနှင့် တရားစရိတ် ကျပ်တစ်သိန်းသတ်မှတ်သည့် စီရင်ချက် (အမိန့်) ချမှတ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် လောင်း ဦးစန်းမောင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ)က စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) ရရှိသောမဲများတွင် တရားမဲ့ပြုကျင့်မှုကြောင့်ရရှိသော မဲများမပါရှိပါက လျှောက်ထားသူသာ မဲအများဆုံးရရှိ၍ လျှောက်ထားခံရသူ၏ ရွေးကောက်တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ကြောင်းနှင့် လျှောက်ထားသူအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာပေးပါရန် တိုင်းဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၇၊ ၆၈ အရ ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကန့်ကွက်လွှာတင်သွင်းထားမှုကို ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ် (၄၄/၂ဝ၁၅) ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ လက်ခံခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ ခုံအဖွဲ့ဝင်များအဖြစ် ဦးခင်မောင်ဝင်း နှင့် ဦးကျော်သူတို့ ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၄)က ကြားနာစစ်ဆေးပြီးနောက် ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဦးသိန်းဟန် (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည် ဖြစ်ကြောင်းဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးစန်းမောင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ၏ ကန့်ကွက်လွှာကို တရားစရိတ်နှင့်တကွပယ်ကြောင်းနှင့် တရားစရိတ် ကျပ်တစ်သိန်းသတ်မှတ်သည့် စီရင်ချက် (အမိန့်) ချမှတ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment