Tuesday, October 11, 2016

ဒုတိယသမ္မတဦးမြင့်ဆွေ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ


နေပြည်တော် အောက်တိုဘာ၁၁
ထိုင်းနိုင်ငံဗန်ကောက်မြို့၌ ကျင်းပသည့် ဒုတိယအကြိမ်အာရှပူးပေါင်းဆောင်ရွက် ရေးဆွေးနွေးပွဲ(အေစီဒီ)သို့ တက်ရောက်ခဲ့ သည့် ဒုတိယသမ္မတဦးမြင့်ဆွေသည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှ ယနေ့နံနက်ပိုင်းတွင် လေကြောင်း ခရီးဖြင့် ပြန်လည်ထွက်ခွာရာ သုဝဏ္ဏ ဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး ဗိုလ်ချုပ်ကြီး ဆာရီချိုင် ဒစ်ဆစ်ကာရာ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်နှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။


ဒုတိယသမ္မတနှင့်အဖွဲ့သည် နံနက် (၈)နာရီ (၄၅)မိနစ်တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌  ကြိုဆိုနှုတ်ဆက်ကြသည်။

No comments:

Post a Comment