Tuesday, October 11, 2016

နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော တပ်မတော်သားများအား ရုတ်ချည်းတိုက်ခိုက်လာသည့် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများကို ပြန်လည်ပစ်ခတ်ရှင်းလင်း

နေပြည်တော် အောက်တိုဘာ ၁၀
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မတော်မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် ရုတ်ချည်းတိုက်ခိုက်လာသော အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများအား ပြန်လည်ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြို့သူကြီးကျေးရွာဝန်းကျင်၌ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ ရောက်ရှိ နေကြောင်း သတင်းအရ တပ်မတော်မှ နယ်မြေရှင်းလင်းစဉ် ယနေ့ နံနက် ၈ နာရီခန့်တွင် အဆိုပါ ကျေးရွာအနီး ကွမ်းခြံအတွင်းမှ အကြမ်းဖက်စီးနင်း တိုက်ခိုက် သူ ၂၀ ခန့်က တုတ်၊ ဓား လက်နက်များဖြင့် ရုတ်တရက် တိုက်ခိုက် လာမှုကြောင့် တပ်မတော်မှ ပြန်လည်ပစ်ခတ် ရှင်းလင်းရာ ၎င်းအဖွဲ့များ ထွက်ပြေးသွားခဲ့ပြီး အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ အလောင်း လေးလောင်းနှင့် ၎င်းတို့ကိုင်ဆောင်တိုက်ခိုက်ခဲ့သော လုပ်သေနတ်တစ်လက်၊ ကျည်သုံးတောင့်နှင့် ဓားတစ်လက်တို့ကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဆုတ်ခွာထွက်ပြေးသွားသော အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများအား တပ်မတော်မှ လိုက်လံရှင်းလင်း လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment