Friday, October 28, 2016

လိပ်သိုမြို့၊ တောင်သူများအား စိုက်ပျိုးရေးပညာပေးဆွေးနွေးပွဲ ကျင်းပ

လိပ်သို အောက်တိုဘာလ ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ရပ်ကွက်/ကျေးရွာနေ တောင်သူများအား စိုက်ပျိုးရေးပညာပေး ဆွေးနွေးပွဲနှင့် ကရင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ၂၀၁၆ - ၂၀၁၇ ခုနစ် ဆောင်းသီးနှံ မြေပဲ၊ နှမ်းနှင့် ဥယျာဉ်ခြံ စိုက်ပျိုးနည်းပညာပေးဟောပြောပွဲကို အောက်တိုဘာလ (၂၇) ရက် နံနက် (၁၀) နာရီအချိန် လိပ်သိုမြို့၊ အထွေထွေ အုပ်ချုပ်ရေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါ သည်။

အခမ်းအနားတွင် ကရင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှူးဦးဇော်လင်းက တက်ရောက်လာသော တောင်သူများအား မြေကြီးဗဟုသုတအကြောင်း၊ စပါးမျိုးစေ့၊ မျိုးစပ်၊ အပင်ပိုးပွှားနှင့်ရောဂါအကြောင်းတို့ ရှင်းလင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသော တောင်သူများက စိုက်ပျိုးရေး အပင်အကြောင်းနဲ့ပတ်သက်ပြီး သိလိုသမျှမေးမြန်းရန် ဒုတိယပြည်နယ် ဦးစီးမှူးဦးဇော်လင်းက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး လိပ်သိုမြို့ အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က အမှာစကားပြောကြားကာ လိပ်သိုမြို့၊ တောင်သူများအား စိုက်ပျိုးရေးပညာပေး ဆွေးနွေးပွဲတွင် လိပ်သိုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာနေတောင်သူများ စုစုပေါင်းလူဦးရေ (၃၀)ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


လိပ်သို (ပြန်/ဆက်)

No comments:

Post a Comment