Sunday, October 16, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အိန္ဒိယနိုင်ငံ ဂိုအာမြို့သို့ရောက်ရှိ


ဂိုအာ အောက်တိုဘာ ၁၆
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးသွားရောက်ရန်နှင့် အိန္ဒိယနိုင်ငံ ဂိုအာမြို့၌ ကျင်းပမည့် BIMSTEC Retreat အစည်းအဝေးနှင့် BRICS and BIMSTEC Leader´s Outreach Summit အစည်းအဝေးသို့တက်ရောက်ရန် ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အိန္ဒိယနိုင်ငံ ဂိုအာမြို့ ဒါဘိုလင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၁၀ မိနစ် တွင် ရောက်ရှိသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား အိန္ဒိယသမ္မတနိုင်ငံမှ Minister of state for Foreign Affairs Mr. V. K Singh ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Vikram Misri ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်ခင်စိုးနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တ တည်းခိုမည့် Hotel Leela သို့ရောက်ရှိကြသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် Hotel leela ၌ ဂိုအာပြည်နယ် ၀န်ကြီးချုပ် မှ BIMSTEC ခေါင်းဆောင် များအား တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်သည်။

No comments:

Post a Comment