Monday, October 31, 2016

တောင်ကုတ်မြို့၌ ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

တောင်ကုတ် အောက်တိုဘာ ၃၁
ဓာတ်မြေသြဇာ ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာ ၃၁ ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် တောင်ကုတ်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

တောင်ကုတ်မြို့နယ်အတွင်း ကျေးရွာ (၂၀) မှ တောင်သူများအား လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးတူ ပူးပေါင်း လုပ်ကိုင်သော လယ်သမားလုပ်ကွက်ငယ် တောင်သူများသို့ ဓာတ်မြေသြဇာ ဈေးအနိမ့်ဆုံးဖြင့် ထောက်ပံ့ခဲ့ ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ကျေးရွာ (၂၀) မှ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူလယ်သမားများ တက်ရောက် ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်

No comments:

Post a Comment