Saturday, October 29, 2016

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ကိုရီးယားသမ္မတနိုင်ငံ စစ်သမိုင်းပြတိုက်နှင့် အမျိုးသားပြတိုက် တို့ကို ကြည့်ရှုလေ့လာ


နေပြည်တော်- အောက်တိုဘာ ၂၉
ကိုရီးယားသမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ကိုရီးယားသမ္မတနိုင်ငံ စစ်သမိုင်းပြတိုက်သို့ ရောက်ရှိပြီး ဧည့်သည် တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုလေ့လာသည်။

ဆက်လက်၍ ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားပြတိုက်ကို ကြည့်ရှုလေ့လာသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အဖွဲ့အား ကိုရီးယား- မြန်မာ လွှတ်တော် ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ H.E. Mr. Park Byeong-seug နှင့် ချစ်ကြည်ရေးအသင်းဝင် လွှတ်တော် ကိုယ်စားလှယ်များက ယမန်နေ့ ညပိုင်းတွင် ညစာစားပွဲဖြင့် တည်ခင်းဧည့် ခံခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment