Saturday, October 29, 2016

အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ခေတ္တစွန့်ခွါလာကြသည့် ဒုက္ခသည်များ စစ်တွေမြို့မှ နေရပ်အသီးသီး သို့ ပြန်လည်ပို့ဆောင်


စစ်တွေ အောက်တိုဘာ၂၉
၂၀၁၆ ခုနှစ်အောက်တိုဘာလ ၉ရက်နေ့ နံနက်ပိုင်းက မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့ တောင်မြို့နယ် အတွင်း၌ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် စစ်တွေ၊ ကျောက်တော်နှင့် မြောက်ဦး မြို့နယ်များ သို့ ခေတ္တနေရပ်စွန့်ခွာ လာကြသည့် ဒုက္ခသည်များ အား အောက်တိုဘာလ ၂၉ရက်နေ့၊ နံနက် ၇နာရီက မလိခ အမြန်ရေယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။



၎င်းဒုက္ခသည်များသည် စစ်တွေမြို့ ဓည၀တီ အားကစားကွင်း ကယ်ဆယ်ရေး စခန်း၊ ရတနာ့ဗိမာန် ဘုန်းတော်ကြီးကျောင်း တိုက်နှင့် ကျောက်တော်၊ မြောက်ဦးမြို့နယ်များတွင် ခေတ္တနေထိုင်ကြပြီး၊ မိမိဒေသ အသီးသီး၌ တည်ငြိမ်အေးချမ်း လာပြီး ဖြစ်သည့် အတွက်ကြောင့် ပြန်လိုကြသည့် အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြန်လည်ပို့ဆောင်ပေးခြင်းဖြစ်သည်။ ယင်းနောက် မိမိဒေသသို့ ပြန်လည်သွားရောက်ကြသူများ အား ရခိုပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများက မလိခ အမြန်ရေယာဉ်ဖြင့် ပို့ဆောင် ပြီး မိသားစုအသုံးအဆောင်ပစ္စည်းပေးအပ်ကာ အားပေး စကားပြောကြား ခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ အိမ်ထောင်စု တစ်စုလျှင် တစ်သောင်းကျပ်နှင့် ရခိုင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာ ချထားရေးဦးစီးက အိမ်ထောင်တစ်စုလျှင် ပစ္စည်း(၉)မျိုး ပါ Family Kit တစ်ပုံ၊ စစ်တွေမြို့ နာရေးကူညီမှုအသင်းမှလည်း တစ်ဦးလျှင် တစ်သောင်းကျပ် ထောက်ပံ့ ခဲ့ကြောင်း သိရသည်။ စစ်တွေမြို့မှ မိမိနေရပ်ဒေသသို့ ပြန်ကြသူ အိမ်ထောင် (၅၀)စု၊ လူဦးရေ(၁၆၄)ဦး ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)
ရခိုင်ပြည်နယ်

No comments:

Post a Comment