Friday, October 28, 2016

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သည့် လုပ်ငန်းများအား ရှင်းလင်း

ဒီးမော့ဆို အောက်တိုဘာ   ၂၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သည့် လုပ်ငန်းများအား လွှတ်တော်ကိုယ်စားလှယ်(၃)ရပ်၊ ကော်မတီ(၂)ရပ်နှင့် မီဒီယာများသို့ အသိပေးရှင်းလင်းပွဲကို အောက်တိုဘာ ၂၇ ရက် နံနက် ၉ နာရီအချိန်က ဒီးမော့ဆိုမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။



ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်းက အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်က ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သည့်လုပ်ငန်းများ၊ မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးဆော်ရယ်က လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်(၃)ရပ်၊ ကော်မတီ(၂)ရပ်နှင့် မီဒီယာများက သိရှိလိုသည်များကို မေးမြန်းကာ တာဝန်ရှိသူများက မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်

No comments:

Post a Comment