Friday, October 28, 2016

လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း (၁/၂၀၁၆) ဆင်းပွဲ ကျင်းပ



ဒီးမော့ဆို အောက်တိုဘာ ၂၈
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် စက်မှုလယ်ယာ ဦးစီးဌာနမှ ကြီးမှူး၍ လယ်ယာသုံး စက်ကိရိယာ မောင်းနှင် ထိန်းသိမ်းမှု အခြေခံသင်တန်း (၁/၂၀၁၆) ဆင်းပွဲကို အောက်တိုဘာ ၂၈ ရက် နံနက် ၉ နာရီ အချိန်က အမှတ် (၈၆) စက်မှုလယ်ယာ စခန်းခွဲ ခန်းမဆောင်၌ ကျင်းပသည်။


သင်တန်းဆင်းပွဲတွင် စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်က သင်တန်းဆင်း အမှာစကား ပြောကြားပြီး မြို့နယ်ဦးစီးဌာနမှူး ဦးအေးလွင်က သင်တန်းဆင်း လက်မှတ်များကို သင်တန်းသားများထံ ပေးအပ်သည်။ ထို့နောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို အောက်တိုဘာ ၁၇ ရက် မှ အောက်တိုဘာ ၂၈ ရက်ထိ ဖွင့်လှစ်ပြီး သင်တန်းကာလအတွင်း သင်တန်းသား ၅၀ ဦးအား စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများက ထွန်းစက်ကြီးများ မောင်းနှင်ခြင်း၊ စက်များ ပြုပြင်ခြင်း၊ ရိတ်သိမ်းခြွေလှေ့စက်ကြီး မောင်းနှင်ထိန်းသိမ်းမှုများကို စာတွေ့/ လက်တွေ့ သင်ကြား ပို့ချခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment