Friday, October 28, 2016

ဘီးလင်းကားတံတားပေါ်၌ ကားနှင့်စက်ဘီး တိုက်မိ၍ စက်ဘီးစီးနင်းသူ သေဆုံး

ဘီးလင်း  အောက်တိုဘာ ၂၇
ဘီးလင်းမြို့နယ်  အောက်တိုဘာ ၂၇  ရက်  ည  ၆  နာရီခန့်က  ဒေါက်ရပ်ကျေးရွာအုပ်စုပိုင် ရန်ကုန် မော်လမြိုင် အဝေးပြေး ကားလမ်း ၁၂၇/၀ နှင့် ၁၂၇/၁ အကြား လမ်းမ၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ သထုံဘက်မှ ဘီးလင်းဘက်သို့ ယာဉ်မောင်း (ယာဉ်မောင်း/ ယာဉ်အမှတ်စိစစ်ဆဲ) မောင်းနှင်လာသော အဖြူရောင်ယာဉ်ငယ်တစ်စီးသည် မျက်နှာချင်းဆိုင်မှ အမည်မသိ (စုံစမ်းဆဲ) အသက် (၃၀) နှစ်ခန့် အမျိုးသားတစ်ဦး စီးနင်းလာသော စက်ဘီးအား မျက်နှာချင်းဆိုင် တိုက်မိရာ စက်ဘီးစီးနင်းလာသူမှာ ဦးခေါင်း နောက်စေ့ ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ယာပါးပြတ်ရှဒဏ်ယာ၊ ယာလက်မောင်ကျိုး ဒဏ်ရာများ ရရှိပြီး အခင်ဖြစ်ပွားနေရာမှာတွင် သေဆုံးခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်လျှက် ရှိပြီး ဖမ်းစီးရမိရေးအတွက် ဘီးလင်းရဲစခန်းမှ ပူးပေါင်း စစ်ဆေး အရေယူ ဆောင်ရွက်လျှက် ရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment