Friday, October 28, 2016

ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်း ငှက်ဖျားလုပ်သား နှစ်ပတ်လည်တွေ့ဆုံ ရှင်းလင်း ဆွေးနွေးပွဲ ပြုလုပ် ကျင်းပ

မုဒုံ အောက်တိုဘာ ၂၈
မွန်ပြည်နယ်၊ မုဒုံမြို့တွင် ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်း ငှက်ဖျားလုပ်သား နှစ်ပတ်လည်တွေ့ဆုံ ရှင်းလင်းဆွေးနွေးပွဲကို မြို့နယ်ပြည်သူ့ဆေးရုံ၊ သံဃာ့အဆောင်တွင် ယနေ့ နံနက် (၉) နာရီ အချိန်ခန့်က ပြုလုပ် ကျင်းပသည်။

ဆွေးနွေးပွဲတွင် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဆန်းလှိုင်က ငှက်ဖျားတိုက်ဖျက်ရေး လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေဖို့ ယခုလို ဆွေးနွေးပွဲကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ ၀န်ထမ်းများအနေဖြင့်လဲ စွမ်းဆောင်ရည် မြင့်မားလာစေဖို့အတွက် ဆွေးနွေးခြင်းများ၊ စာမေးပွဲ ဖြေဆိုခြင်းများပါ ပြုလုပ်သွားမှာဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲကို သင်တန်းဆရာ (၃)ဦး၊ ကျန်းမာရေးဝန်ထမ်း (၁၀)ဦး၊ စေတနာ့ဝန်ထမ်း ငှက်ဖျားလုပ်သား (၃၀)ဦး စုစုပေါင်း သင်တန်းသားဦးရေ (၃၀)ဦးခန့်တက်ရောက်ကြပြီး ဆွေးနွေးပွဲအား (၂) ရက် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

မုဒုံ (ပြန်/ဆက်)

No comments:

Post a Comment