Friday, October 28, 2016

အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂ဝ၁၆) ဆင်းပွဲ ကျင်းပ


ပုလဲ အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့ ပုလဲရတနာခန်းမ၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂ဝ၁၆) ဆင်းပွဲအခမ်းအနားကို အောက်တိုဘာ ၂၈ရက် နံနက်၁ဝနာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပုလဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းက အမှာစကားပြောသည်။






ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းက သင်တန်းဆင်း လက်မှတ်များကို လည်းကောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်းမြင့်က စစ်ရေးပြ ထူးချွန်ဆုကို လည်းကောင်း မြို့နယ်စီမံကိန်း ဦးစီးအရာရှိ ဦးဇော်ထွန်းအောင်က မီးသတ်ပညာ ထူးချွန်ဆုကို လည်းကောင်း မြို့နယ်မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးကျော်ဇင်က အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် တူညီ ဝတ်စုံများကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။
ထိုနောက် မြို့နယ်မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးကျော်ဇင်က ကျေးဇူးတင်စကား ပြောခဲ့သည်။
အဆိုပါ သင်တန်းသို့ ပုလဲမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅ဝဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ၂၅ရက် ကြာမြင့်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်ဆက်) 

No comments:

Post a Comment