Thursday, October 13, 2016

မောင်တော်ခရိုင်ရှိ သြ၀ါဒါစရိယ ဆရာတော်ကြီးများထံမှ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဖေမြင့်နှင့် အဖွဲ့ သြ၀ါဒခံယူ


မောင်တော အောက်တိုဘာ ၁၂

မောင်တောခရိုင်ရှိ သြ၀ါဒါစရိယ ဆရာတော်ကြီးများထံမှ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဖေမြင့်၊ ဦးသိန်းဆွေ၊ ၀န်ကြီးချုပ် ဦးညီပုနှင့် အဖွဲ့က သြ၀ါဒခံယူမှုကို ယနေ့ ညနေ ၅ နာရီ မိနစ် ၄၀ တွင် မောင်တောမြို့ မြို့မ ပရိယတ္တိ စာသင်တိုက်၌ ကျင်းပသည်။


သြ၀ါဒခံယူပွဲတွင် အလိုတော်ပြည့် ဆရာတော် ဦးမဏိသာရက မောင်တောဒေသ အမြန်ဆုံး ပြန်လည် တည်ငြိမ် အေးချမ်းအောင် ဆောင်ရွက်ရေး၊ ပြည်သူလူထု၏ စိတ်လုံခြုံမှု ရှိအောင် ကူညီဆောင်ရွက်ပေးရေး၊ အကြောက်တရားများ လျော့နည်း သွားအောင် အမြန်ဆောင်ရွက်ရေး၊ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ လက်သို့ ပါရှိသွားသည့် လက်နက်များ အမြန် ပြန်ရအောင် ဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ သြ၀ါဒ မြွက်ကြားသည်။


ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးတို့ကလည်း နယ်မြေတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေမှုများ၊ အကြမ်းဖက်သမားများ လက်သို့ ပါရှိသွားသည့် လက်နက်များ ပြန်လည်သိမ်းဆည်း ရရှိရေး၊ ၎င်းတို့ လက်ဝယ် ဖွက်ထားသည့် လက်နက်များ ဖော်ထုတ်ရေးတို့နှင့် စပ်လျဉ်း၍ ဆောင်ရွက်မှု အခြေအနေများကို ပြန်လည်ရှင်းလင်း လျှောက်ထားခဲ့သည်။

No comments:

Post a Comment