Monday, October 31, 2016

ပထမအကြိမ် အင်းသားအမျိုးသားနေ့ကျင်းပ


တောင်ကြီး  အောက်တိုဘာ  ၃၁
ပထမအကြိမ်မြောက် အင်းသားအမျိုးသားနေ့ အခမ်းအနားကို ညောင်ရွှေမြို့၊ အင်းလေးဖောင်တော်ဦးဘုရားတွင် အောက်တိုဘာ ၃၁ ရက် နံနက် ၉နာရီတွင်ကျင်းပရာ အင်းလေးဒေသရှိ ရာကျော်ဆွဲလှေများဖြင့် ဖောင်တော်ဦးဘုရား သို့လှော်ခတ်လာကြပြီး ပြည်ထောင်စု လွှတ်တော်နာယက အမျိုးသား လွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများ ချီးမြှင့် ပေးကြပြီး ဖောင်တော်ဦးမြတ်စွာဘုရားအား ရွှေသင်္ကန်းဆက်ကပ်ကာ ဧည့်မှတ်တမ်းတွင်လက်မှတ် ရေးထိုး ကြောင်းသိရသည်။

ဆက်လက်၍ အစီအစဉ်အရ ပြည်ထောင်စုလွှတ်တော် နာယကဦးမန်းဝင်းခိုင်သန်း နှုတ်ခွန်းဆက်စကား ပြောကြားရာ ယခုလိုပထမဆုံးအကြိမ်ကျင်းပသော အင်းအမျိုးသားနေ့အခမ်းအနားသည် မင်္ဂလာ ကျက်သရေနှင ပြည့်စုံပြီး ကရင်တိုင်း ရင်းသားတစ်ဦးဖြစ်သည့် ကျွန်တော့်အနေဖြင့် နှုတ်ခွန်းဆက်စကား ပြောကြားခွင့်ရသည့် အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ နွေးထွေးစွာကြိုဆိုကြသည့် တိုင်းရင်းသားအကြီးအကဲများ၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ တိုင်းရင်းသားလူမျိုးပေါင်း (၁၀၀) ကျော်ရှိပြီး တိုင်းရင်းသားတိုင်းတွင် အရေးတယူတန်ဖိုး ထားကြသော နေ့ထူးနေ့မြတ်အမျိုးသား နေ့များရှိ ပါကြောင်း၊ ကချင်တိုင်းရင်းသားများနေ့ကို ဇန်နဝါရီ (၁၀)ရက်၊ ကယားတိုင်းရင်းသားနေ့ကို ဧပြီလ(၁၀)ရက်၊ ကရင်တိုင်း ရင်းသားများနေ့ကို ဖေဖော်ဝါရီလ(၁၁)ရက်၊ ပအိုဝ်းတိုင်း ရင်းသားများနေ့ကို တပေါင်းလပြည့်၊ မွန်တိုင်း ရင်းသားနေ့ကို တပို့တွဲလပြည့်ကျော်(၁)ရက်နှင့် ရှမ်းတိုင်းရင်း သားနေ့ကို ဖေဖော်ဝါရီလ(၇)ရက် တို့ကို မိမိတို့တိုင်း ရင်းသားများ၏ အမျိုးသားနေ့အဖြစ် အသီးသီးသတ်မှတ်ခဲ့ကြောင်း၊ အင်းတိုင်းရင်း သားများအနေဖြင့် တန်ဆောင်မုန်း လဆန်း(၁)ရက်နေ့ကို မိမိတို့တိုင်းရင်သား များ၏အမျိုးသားနေ့ အဖြစ်သတ်မှတ်ပြီး၊ အင်းသား အမျိုး သားနေ့ကို ပထမဆုံးအနေဖြင့် ခမ်းခမ်းနားနား သိုက်သိုက်ဝန်းဝန်း ကျင်းပနိုင်ခဲ့သည့် အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ အင်းသားတိုင်းရင်းသားညီအစ်ကို မောင်နှမများအနေဖြင့် မိမိတို့တိုင်း ရင်းသားများ၏ တန်ဖိုးရှိလှသော အမျိုးသားနေ့ကိုအစဉ်အမြဲထိန်းသိမ်းစောင့်ရှောက်ကြရန် အခြားတိုင်းရင်းသား ညီအစ်ကို မောင်နှမ များနှင့်လည်း ချစ်ကြည်ရင်းနှီးမှုယုံကြည်မှုများကို တည်ဆောက်ကြရန်၊ နိုင်ငံသားအားလုံး လိုလားတောင့် တနေသော ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံတော်ကြီးတည်ဆောက်နိုင်အောင် ကြိုးစားဆောင်ရွက် ကြရန်တိုက် တွန်းပြောကြားသွားသည်။
ထို့နောက်ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်၏သဝဏ်လွှာအား ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးမှ ဖတ်ကြားပြီး ဟိုတယ်နှင့်ခရီးသွားလာရေးပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်မှ နှုတ်ခွန်း ဆက် စကား ပြောကြားရာ၊ တိုင်းရင်းသားလူမျိုးရေးရာ ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်၏ သဝဏ်လွှာအား ရှမ်းပြည်နယ် အမှတ်(၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလတ်မှ ဖတ်ကြားသည်။
၎င်းနောက် အင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်နှင့် အင်းတိုင်းရင်းသား ကိုဂျင်မီ(ခ) အယ်ကျော်မင်း ယုတို့မှ နှုတ်ခွန်းဆက်စကားပြောကြားပြီး၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်၏ သဝဏ်လွှာအား မမီးမီးမှ ဖတ်ကြားကာ တက်ရောက်လာသော လူထုပရိတ်သတ်ကြီးမှ အင်းလေးဒေသ ဖွံဖြိုးရေးအတွက် အဆိုပြုချက်များအား ဒေသခံ အင်းသူ၊ အင်းသား(၃)ဦးမှ အဆိုပြုတင်သွင်းရာ ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးမှထောက်ခံအတည်ပြုပြီး ပေးပို့လာသောသဝဏ် လွှာအား မှတ်တမ်းတင်၍ ပွဲဖြစ်မြောက်ရေးဦးစီးကော်မတီကိုယ်စား ဥက္ကဌ ဦးမျိုးမင်းဇော်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်းသိရသည်။
မောင်မောင်သန်း(တောင်ကြီး)         

No comments:

Post a Comment