Monday, October 31, 2016

ဒုတိယသမ္မတ ဦးမြင့်ဆွေ ချက်သမ္မတနိုင်ငံစက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၀န်ကြီးနှင့်အဖွဲ့အား လက်ခံ တွေ့ဆုံ


နေပြည်တော် အောက်တိုဘာ ၃၁
ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ချက်သမ္မတနိုင်ငံ၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး H.E.Mr.Jan Mla’dek ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန် ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။

တွေ့ဆုံစဉ် စက်မှု၊ စွမ်းအင်၊ ကုန်သွယ်ရေးနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်သွားရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ သည်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

No comments:

Post a Comment