Thursday, October 27, 2016

လူထုအခြေပြု ငှက်ဖျားရောဂါကာကွယ်ရေးစီမံချက် သင်တန်းဆင်းပွဲကျင်းပ


ကျောက်ဖြူ  အောက်တိုဘာ ၂၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ခရိုင်ပြည်သူ့ဆေးရုံးကြီး အစည်းအဝေခန်းမ၌ အောက်တိုဘာလ ၂၇ ရက်၊ နံနက်၉ နာရီအချိန်က လူထုအခြေပြု ငှက်ဖျားရောဂါ ကာကွယ်ရေး စီမံချက် သင်တန်းဆင်း  ပွဲကို ကျင်းပခဲ့သည်။



အခမ်းအနားတွင် ကျောက်ဖြူခရိုင် ဆရာဝန်ကြီး ဦးရဲလွင်မောင်က စေတနာဝန်ထမ်းများ မွေးထုတ်ပေးရခြင်း အကြောင်းကို ပြောကြားပြီး၊ ပြည်နယ် ဆရာဝန်ကြီး ဒေါက်တာအေးငြိမ်းက ဌက်ဖျား ဖြစ်ပေါ်ရခြင်း အကြောင်းအရင်း၊ ငှက်ဖျားရောဂါ ဖြစ်ပွားရာတွင် ရှောင်ရန်၊ ဆောင်ရန်များ၊ ဆေးရုံနှင့် အလှမ်းဝေးသော ဒေသများတွင် စေတနာ ၀န်ထမ်းများရှိရန် လိုအပ်ပါကြောင်း၊ မိမိတို့ အနေဖြင့် ကျေးရွာများသို့ ရောက်ရှိသော ကျန်းမာရေး ၀န်ထမ်းများနှင့် လက်တွဲညီစွာ ကူညီ ဆောင်ရွက် ပေးစေလိုပါကြောင်း၊ ယခုလို စေတနာရှင် လူငယ်များဒီသင်တန်းကို လာရောက် တက်ကြတဲ့အတွက် ၀မ်းသာပါကြောင်း ပြောကြားပြီး၊ သင်တန်းသား/သူ (၂၁) ဦးအား သင်တန်းဆင်း လက်မှတ်နှင့် လွယ်အိတ်များအား တစ်ဦးချင်း ပေးအပ်ခဲ့ပါကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment