Thursday, October 27, 2016
သဘာဝ ဘေးအန္တရာယ် ကျရောက်ပါက ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် လေ့ကျင့်မှုများ ပူးပေါင်း ဆောင်ရွက်
မြန်အောင် အောက်တိုဘာ (၂၆)
သဘာဝ ဘေးအန္တရာယ် ကျရောက်ပါက ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် လေ့ကျင့်မှုများကို အောက်တိုဘာ ၂၆ ရက်နေ့က မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကံမြင့် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ၊ မြန်အောင်မြို့နယ် မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးကိုကိုသူနှင့်သန္ဓေ မီးသတ် တပ်ဖွဲ့ဝင်များ၊ အရံမီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပါရမီ လူမှုကူညီရေး အသင်းသားများ စုပေါင်း၍ သဘာဝ ဘေးအန္တရာယ် ကျရောက်ပါက ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ၊ အရေးပေါ်ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန် မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကံမြင့် ဦးဆောင်၍ မြန်အောင်မြို့ အမှတ် ၄ ရပ်ကွက် ဇေယျသာရီ ဘုရားရှေ့ ကွင်းပြင်တွင် လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြသည်။
သဘာဝ ဘေးအန္တရာယ် ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လေ့ကျင့်မှုများကို မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကံမြင့် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင် (၂၆)ဦး၊ မီးသတ်တပ်ဖွဲ့ဝင် (၁၈)ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင် (၅၄)ဦး၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပါရမီလူမှုကူညီရေး အသင်းသားများဖြင့် စုပေါင်း၍ မီးသတ်ကား(၃)စီး၊ ကြက်ခြေနီ လူနာယာဉ်(၁)စီး၊ ပါရမီ အရေးပေါ် လူနာတင်ယာဉ် (၄)စီးနှင့် မီးသတ်တပ်ဖွဲ့မှ အသက်ကယ်လှေ (၃)စီး၊ ရှာဖွေ ကယ်ဆယ်ရေး ပစ္စည်းများဖြင့် အဖွဲ့(၃) ဖွဲ့ခွဲ၍ သဘာဝ ဘေးအန္တရာယ် ကျရောက်ပါက ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် လေ့ကျင့်မှုများကို ဆောင်ရွက် ခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment