Thursday, October 27, 2016

ဒလမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျောင်းဝန်းအတွင်းရှိ သစ်ပင်ယိုင်လဲ၍ အုတ်တံတိုင်းပြိုကျ


ဒလ အောက်တိုဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင်  အောက်တိုဘာ ၂၆ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ် အချိန်ခန့်က လေနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မြို့မ(၄)ရပ်ကွက်၊  အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းဝန်းအတွင်းရှိ ကုက္ကိုပင်ယိုင်လဲကျ၍  အုတ်တံတိုင် ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အဆောက်အအုံ၊ လူနှင့် တိရစ္ဆာန်များ သေကြေပျက်စီးမှု မရှိခဲ့ကြောင်း၊ သစ်ပင်လဲကျမှုကြောင့် ကျောင်းအုတ်တံတိုင် ၁၅ ပေခန့် ပြိုကျခဲ့ပြီး အနီးရှိ လျှပ်စစ်ဓာတ်တိုင်မှာ အနည်းငယ်ယိုင်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထို့အတူ အံ့ကြီးအရှေ့ ရပ်ကွက်၌ အလားတူ လျှပ်စစ်ဓာတ်တိုင်(၁)တိုင် ယိုင်လဲမှု အနည်းငယ် ဖြစ်ပွားခဲ့ပြီး နံနက်စောပိုင်း အချိန်တွင် မြို့နယ်လျှပ်စစ် မန်နေဂျာရုံးမှ ၀န်ထမ်းများနှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများ သွားလာမှု အဆင်ပြေစေရန် လဲကျနေသော သစ်ပင်အား ခုတ်ထွင်း ရှင်းလင်းခြင်းနှင့် ယိုင်နေသော လျှပ်စစ်ဓာတ်တိုင်အား ပြန်လည်တည့်မတ် ဆောင်ရွက်ခဲ့ကြောင်း မြို့မ(၄) ရပ်ကွက် အဲမွန်ဒရာလမ်းနေ ဒေသခံပြည်သူတစ်ဦးက  ပြောကြားခဲ့သည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment