Thursday, October 27, 2016

မဘိမ်းမြို့နယ်​၌ ​ဆောင်းသီးနှံစိုက်​ပျိုးစရိတ်​​ ချေး​ငွေများထုတ်​​ပေး

မဘိမ်အောက်တိုဘာ ၂၇
ရှမ်ပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ် မြန်မာ့လယ်ယာစိုက်ပျိုး​​​ရး ဘဏ်ခွဲမှမြို့နယ် မန်​​နေဂျာဦးလှဒွဲနှင့် ဝန်ထမ်းများက မဘိမ်းမြို့နယ်ရှိ ဒေသခံတောင်သူများအား ၂၀၁၆ ခုနှစ်​​ ဆောင်းသီးနှံ စိုက်ပျိုးစရိတ်​​ချေးငွေများကို အောက်တိုဘာ ၂၆ ရက်မှ စတင်ထုတ်​​ချေးပေးလျက်ရှိကြောင်း သိရသည်

အဆိုပါ ၂၀၁၆ ခုနှစ်​​ဆောင်းသီးနှံ ထုတ်လုပ်မှုဘဏ်​​ချေးငွေများကို စပါးသီးနှံတစ်ဧကလျှင် ၁၅၀၀၀၀ ကျပ်နှုန်း နှင့် ပဲအမျိုးမျိုးတစ်ဧကလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် ထုတ်​​ချေးပေးနေခြင်းဖြစ်ပြီး ယနေ့အောက်တိုဘာ ၂၇ ရက်အထိ  မဘိမ်းမြို့နယ် ရှိရပ်ကွက်နှင်ကျေးရွာအုပ်စု ငါးအုပ်စုမှ အစု/အဖွဲ့ ၁၈၇ ဖွဲ့၊ တောင်သူ ၅၄၀ ဦးတို့၏ စပါး ၂၂၁ ဧက၊မြေပဲ ၁၀၁၄ ဧကနှင့် ပဲပုပ် ၂၅၀၈ ဧကအတွက် စုစုပေါင်ချေးငွေကျပ် ၁၀၃၅ ဒသမ ၉၀ သိန်းကို ထုတ်​​ချေးပေးနိုင်ခဲ့​​ကြောင်း သိရသည်

ထိန်လင်းဦး(ပြန်/ဆက်)

No comments:

Post a Comment