Tuesday, October 25, 2016

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မြန်မာတိုင်းရင်းသား တို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနား တက်ရောက်အမှာစကားပြောကြား


နေပြည်တော် အောက်တိုဘာ ၂၅
(၂၂)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနား ကို ယနေ့ညနေ ၅ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂၌ ကျင်းပရာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် ဂုဏ်ပြုအမှာစကားပြောကြားပြီး အကဲဖြတ်အဖွဲ့ဝင် ပညာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အကဲဖြတ်အဖွဲ့ဝင်ပညာရှင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အုပ်ချုပ်သူနှင့် နည်းပြများ၊ ပြိုင်ပွဲဝင်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက လူမျိုးတစ်မျိုး၏ နေထိုင် မှု၊ စားသောက်မှု၊ ဝတ်စားဆင်ယင်မှု၊ ပြုမူပြောဆိုမှု စသည့် ဓလေ့ထုံးတမ်းများသည် ယင်းလူမျိုး၏ ယဉ်ကျေးမှုဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်းရှည်လျားမှုနှင့် လူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာမြင့်မားမှုတို့ကို တိုင်းတာရာတွင် ယဉ်ကျေးမှုမျက်နှာစာ သည် အရေးပါသည့်ကဏ္ဍက ပါဝင်နေသည်ကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ ထို့ ကြောင့် မြန်မာနိုင်ငံ၏သမိုင်းကြောင်း ရှည်လျားမှုနှင့် မြန်မာလူမျိုးတို့၏ ဂုဏ်သိက္ခာ မြင့်မားမှုကို ယနေ့ထက်တိုင် မြင်တွေ့နေရသည့် ရှေးဟောင်းယဉ်ကျေးမှု အထောက် အထားများ၊ ခေတ်ပြိုင် မြို့ပြနိုင်ငံများ၏ မှတ်တမ်းမှတ်ရာများက သက်သေပြလျက်ရှိ နေပါကြောင်း၊ ထိုနည်းတူစွာ ယဉ်ကျေးမှုထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် အနုသုခုမ ပညာရပ်သည်လည်း သိမ်မွေ့နက်နဲပြီး နှလုံးသားအသိနှင့် ပေါင်းစပ်ထားသည့်အရာ ဖြစ်ပါကြောင်း။
ယခုကဲ့သို့ ပြိုင်ပွဲကြီးတစ်ရပ် ကျင်းပနိုင်ရန်အတွက် နိုင်ငံတော်၏ပံ့ပိုးကူညီမှုနှင့် အတူ ငွေအား၊ လူအား အပါအဝင် အချိန်များစွာ အသုံးပြုပြီး ဆောင်ရွက်ခဲ့ကြရခြင်းဖြစ် ပါကြောင်း၊ မိမိတို့အားလုံးသည် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေ အနှစ်များ အစဉ်သဖြင့် ရှင်သန်နေစေရန်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး အတူတကွ ကြိုးပမ်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ မိမိတို့၏ ဆောင်ရွက်မှု၊ အစိုးရအဖွဲ့၏ တာဝန်ကျေမှုသည် တစ်ချိန်တွင် နိုင်ငံ၏အမျိုးသားယဉ်ကျေးမှု သမိုင်း ကွင်းဆက်တစ်ခုကို ပြတ်တောက်မသွားစေရန် ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့မှုအဖြစ် သမိုင်းကမ္ပည်းတင် ကျန်ရစ်ခဲ့မည်ဖြစ်ပါကြောင်း။
ယနေ့ မျက်မှောက်ကမ္ဘာတွင် နယ်စည်းမခြား ပွင့်လင်းလွတ်လပ်မှုများနှင့်အတူ မီဒီယာနည်းပညာကို အသုံးပြုပြီး ယဉ်ကျေးမှုဆိုင်ရာ ထိုးဖောက်မှု အမျိုးမျိုးက နယ်ပယ်အသီးသီးတွင် ဝင်ရောက်လျက်ရှိနေပါကြောင်း၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့် ရေမြေဒေသနှင့် လိုက်လျောညီထွေသည့် အရာများရှိသကဲ့သို့ ဆန့်ကျင်ဘက် ဖြစ်နေ သည့် အရာများလည်း ရှိနေပါကြောင်း၊ အထူးသဖြင့် မရင့်ကျက်သေးသည့် လူငယ်များ အတွက် အတွေးမှား၊ အယူအဆမှား၊ အတုယူစရာအမှားများ ပါဝင်နေပါကြောင်း၊ ယင်းတို့ကို ခုခံကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့် အချက်များထဲတွင် မျိုးဆက် သစ်လူငယ်များအနေဖြင့် မိမိတို့၏တိုင်းရင်းသားရိုးရာယဉ်ကျေးမှုများကို မြတ်နိုးလေး စား တန်ဖိုးထားတတ်စေရန် ဆောင်ရွက်ရမည့်အချက်လည်း တစ်ချက်အပါအဝင် ဖြစ်ပါကြောင်း၊ မိမိတို့ တစ်တွေသည် ယင်းတာဝန်ကို စုပေါင်းထမ်းဆောင်နေကြပါ ကြောင်း။
ပြိုင်ပွဲဝင်များ၊ နည်းပြများ၊ ကြီးကြပ်သူများအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်သီးသီးမှ တာဝန်ရှိသူများနေဖြင့်လည်း ရိုးရာယဉ်ကျေးမှု အနုသုခုမ ပညာများ ကို တစ်နှစ်ထက်တစ်နှစ် ပိုမိုနက်ရှိုင်းစွာ ကောင်းသည်ထက် ကောင်းအောင် ကြိုးစား ဆောင်ရွက်နေကြသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း။
အထူးကျေးဇူးတင်ရမည်မှာ ပြိုင်ပွဲကြီးနှင့်ပတ်သက်ပြီး နိုင်ငံသိအနုပညာရှင်ကြီး များက သမိုင်းခေတ်အဆက်ဆက်တွင် နှစ်စဉ်မပြတ် အနုပညာတာဝန်ကျေပွန်ခဲ့မှုပင် ဖြစ်ပါကြောင်း၊ မိမိတို့ သိရှိတတ်ကျွမ်းထားသည့် အနုသုခုမပညာရပ်များကို မျိုးဆက် သစ် လူငယ်မောင်မယ်များအတွက် စေတနာရှေ့ထားပြီး ဖြန့်ဝေပေးနေကြပါကြောင်း၊ ထို့ကြောင့် အသက်အရွယ်နှင့်ကျန်းမာရေးကို မငဲ့ကွက်ဘဲ ပြိုင်ပွဲကြီးအတွက် ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြသည့် သမ္ဘာရင့်ဝါရင့် ပညာရှင်ကြီးများကို ကျေးဇူးအထူးတင် ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတက အကဲဖြတ်အဖွဲ့ဝင် ပညာရှင်ကြီးများ၊ အုပ်ချုပ်သူ များနှင့် အခမ်းအနားမှူးများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် အကဲဖြတ်အဖွဲ့ဝင် ပညာရှင်ကြီးများကိုယ်စား မဟာဂီတ အဆို အကဲဖြတ်ပညာရှင် ဒေါ်တင်တင်မြက ကျေးဇူးတင်စကား ပြောကြားပြီး အနုပညာရှင် များက ရိုးရာယဉ်ကျေးမှု အဆို၊ အတီး၊ အကများဖြင့် ဖျော်ဖြေကြသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

No comments:

Post a Comment