Tuesday, October 18, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သာဂရစက်မှုနယ်မြေရှိ အကြီးစားစက်ရုံများသို့ သွားရောက်ကြည့်ရှု

နေပြည်တော် အောက်တိုဘာ ၁၈
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရေတာရှည်မြို့နယ် သာဂရစက်မှု နယ်မြေရှိ အကြီးစားစက်ရုံများသို့ သွားရောက်ကြည့်ရှုသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သာဂရစက်မှု နယ်မြေရှိ အမှတ်(၁၄)အကြီးစားစက်ရုံ (သာဂရ) အစည်းအဝေးခန်းမ၌ စက်ရုံမှူး များက စက်ရုံလည်ပတ်ကုန်ထုတ်လုပ်မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
တင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုစက်ရုံများသည် အကြီးစားစက်ပစ္စည်းများ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေးအတွက် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိစက်ရုံများသည် ပြည်ပကုမ္ပဏီများနှင့် စာချုပ် ချုပ်ဆိုပြီး နည်းပညာလွှဲပြောင်းရယူ ထုတ်လုပ်ခြင်းဖြစ်၍ စံချိန်စံညွှန်းမီပြီး အရည်အသွေးကောင်းမွန်သည်ကို တွေ့ရှိရ ကြောင်း၊ ကုန်ထုတ်လုပ်မှုစနစ်များ မှန်ကန်စွာလည်ပတ်နိုင်အောင် ဆက်လက်ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ထုတ်လုပ်ရာတွင်လည်း Small  Scale, Mediun Scale, Large Scale စသည်ဖြင့် အဆင့်ဆင့်လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အမှတ် (၁၄) အကြီးစားစက်ရုံ(ဘက်စုံသုံးဒီဇယ်အင်ဂျင် ထုတ်လုပ်မှု)၊ အမှတ် (၁၅) အကြီးစားစက်ရုံ (မြေထိုး၊ မြေတူး၊ သယ်ပို့ဝန်ချီ ယန္တရားများထုတ်လုပ်မှု)နှင့် အမှတ် (၂၆) အကြီးစားစက်ရုံ (ဟိုက်ဒရိုတာဘိုင်၊ ဂျင်နရေတာနှင့် ဘွိုင်လာများထုတ်လုပ်မှု) များအတွင်းရှိ လုပ်ငန်းလည်ပတ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment